Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့စီးပွားရေးနဲ့ ဝါဒဖြန်တဲ့အကောင့် ၃၀၀နီးပါး Facebookထပ်မံဖယ်ရှား

စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို ဖယ်ရှားနေတဲ့ Facebookက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့် ၂၇၀ကို ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice For Myanmar(JFM)က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၂၈၊၂၀၂၆။တေဇ/People’s Spring

စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို ဖယ်ရှားနေတဲ့ Facebookက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့် ၂၇၀ကို ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice For Myanmar(JFM)က ထုတ်ပြန်ပါတယ်။

ဒီတစ်ကြိမ်ဖယ်ရှားလိုက်တဲ့ အကောင့်အများစုက စစ်ကောင်စီခေါင်းဆောင်ရဲ့ မိသားစုရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မိုင်တဲလ်ထုတ်ကုန် နဲ့ဝန်ဆောင်မှုကို ရောင်းချနေတာတွေဖြစ်ပြီး စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ်(MEHL) တို့ရဲ့ကုမ္ပဏီခွဲတွေနဲ့ ဆက်စပ်အကောင့်တွေပါဝင်တယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။

“တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနှင့် ဒဂုန်ဘီယာအမှတ်တံဆိပ်များ၊ နန်းမြိုင်ကဖီးနှင့် Indoor Skydiving တို့နှင့်ဆက်စပ်အကောင့်များလည်း ပါဝင်သည်။” လို့ JFMက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ့အကောင့်တွေအပြင် စစ်ကောင်စီ ဝါဒဖြန့်အကောင့်တွေဖြစ်တဲ့ A Light for Justice 3၊ News Service Station နဲ့ Myanmar Information Community တို့လည်းပါဝင်တယ်လို့ သိရပါတယ်။

“အဆိုပါအကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ပြစ်ဒဏ်ခံရခြင်းကင်းလွတ်စွာဖြင့် ကျူးလွန်လျက်ရှိသည့် စစ်တပ်ကို ပံ့ပိုးကူညီခဲ့သည့်အကောင့်များ ဖြစ်သည်။” လို့ JFM ကထောက်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့အကောင့်တွေကို ဖယ်ရှားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်ကြားခဲ့တာလို့ JFM ကအသိပေးထားပါတယ်။

အွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Alphabet၊ Apple၊ TikTok နဲ့ Telegram တို့အနေနဲ့လည်း စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေးအကောင့်‌တွေကို ချက်ချင်းပိတ်ပေးဖို့ JFM က တောင်းဆိုထားပါတယ်။

ဇန်နဝါရီလဆန်းကလည်း Facebook အနေနဲ့ စစ်ကောင်စီရဲ့ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ မိုင်တဲလ်ကုမ္ပဏီနဲ့ပတ်သက်တဲ့ အကောင့်ပေါင်း ၁၀၀၀ကျော်ကို ဖယ်ရှားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း စစ်ကောင်စီရဲ့ဝါဒဖြန့် အကောင့်တွေကို Facebook ၊ ‌Youtube ၊ Twitch ၊Twitter (X)၊ Media Fire ၊ Kick စတဲ့ နည်းပညာကုမ္ပဏီတွေကဖယ်ရှားမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကို သတိပြုရမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံ‌ရေး တည်ဆောက်ပေးနေသူတွေနဲ့ အဲဒီဆက်ဆံရေးကနေ အကျိုးအမြတ်ရနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။