Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်း တောင်ငူ-အုတ်တွင်းလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

အမြန်လမ်းက တောင်ငူ – အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ကင်းစခန်းတစ်ခုကို ၂၀၂၄ ဒီဇင်ဘာက နွားထိုးကြီး အခြေစိုက် PDF တွေက တိုက်ခိုက်မှုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ၂၂၊၂၀၂၆။အိမ်သွင်/People’s Spring

အမြန်လမ်းက တောင်ငူ – အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမြန်လမ်းဘေးက ရွှေလောင်းနဲ့ဘိုကုန်းကျေးရွာတွေမှာ စက်တင်ဘာ ၁၅ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၂၁ရက်မှာတော့ ပဲကြီးခုံကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေလောင်း၊ဘိုကုန်းနဲ့ ပဲကြီးခုံကျေးရွာတွေဟာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရွာတွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ဇီးကုန်း၊ ကမ်းဘနီ ၊ အင်းဝိုင်းနဲ့ ကရင်ရွာကြီးရွာတွေကိုလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲသလို လက်နက်ကြီးတွေလည်းပစ်ခတ်နေလို့ ဒေသခံတွေဟာ တောင်ငူနဲ့ အုတ်တွင်းမြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်စစ်ကြောင်း‌ တွေဝင်လာပြီး တိုက်ပွဲစတင်ဖြစ်ပွားတဲ့ စက်တင်ဘာ ၁၅ ရက်က ရွှေလောင်းနဲ့ ဘိုကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးအချို့အပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။။

” ဒီနေ့ဆိုသွားပြီး ကယ်ထုတ်လို့လည်းမရဘူး။ လမ်းတွေကလုံခြုံရေးတော်တော်စိတ်မချရဘူး။ ဆုတောင်းပေးနေရတယ်”လို့ တောင်ငူမြို့ခံတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်းအတွင်း အုတ်တွင်း၊ဖြူး၊ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်တွေထဲမှာ ၂၀၂၅ ဩဂုတ်နဲ့ နိုဝင်ဘာက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အရပ်သားတွေကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့လို့ အခုလည်း အထူးလုံခြုံရေးသတိပြုနေထိုင်ကြဖို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

၂၀၂၅ သြဂုတ် ၇ရက်က ရန်ကုန်-မန္တလေးအမြန်လမ်း (၁၁၅)မိုင်အနီးက ဘုတရာဘုရားအနီးကိုစစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ကျီးမနိုးကျေးရွာမှာ ကိုယ်ဝန်ဆောင် မိခင် ၂ဦးအပါအဝင် ဒေသခံ ၁၁ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် ဌာနေကရင်လူမျိုး သားအမိ ၂ဦးကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်-၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနဗျူဟာ၂၂က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အုတ်တွင်းမြို့နယ်က ကျေးရွာတွေ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကလည်း ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျွန်းစိုက်ခင်း လုပ်သားမိသားစု ၅ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကိုတော့ အမှတ်-၂စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာနဗျူဟာ(၂၂)က အသေးစိတ်သတင်းမထုတ်ပြန်သေးပါဘူး။ မနေ့ ညနက်ပိုင်းမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေနဲ့ လေကြောင်းပျံသန်းသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook