Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေရောက်နေတဲ့ မင်းတုန်းမြို့အနောက်ခြမ်းကို စစ်ရေးနဲ့လုံခြုံရေး PDF သတိပေး

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

(မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကို ၂၀၂၄ ဒီဇင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ-၂၂၊၂၀၂၆။ဇော်ရမ်း/ People’s Spring

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေရောက်ရှိနေပြီး စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ဒေသအတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို သတိထားကြဖို့ကို အထူးသတိပေးလိုတယ်လို့သရက်ခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတစ်ဦးက “ဒီရက်ထဲ လေကြောင်းကနေ ပစ်တာ ခပ်စိပ်စိပ်ဖြစ်နေတယ်။ အရင်ရက်ကလည်း အရပ်သားထိခိုက်သေဆုံးတာတွေရှိထားတော့ နေ့ရောညပါပေါ့ဆလို့မရဘူး”လို့ ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတာကနေ ပြီးခဲ့တဲ့သြဂုတ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားကိုအသုံးချပြီး စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သြဂုတ်၂၉ရက်ကတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း ၅ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

စက်တင်ဘာ ၁၃ရက်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတာကြောင့် ကလေးငယ်အချို့အပါအဝင် ၆ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook