Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ချောဆွဲလို့ ဗန်းမော်ပါလာပြီးဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအတွက် စိတ်မကောင်းဟုKIAဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

(ဧရာဝတီမြစ်အတွင်း စစ်တပ်ရဲ့သင်္ဘောတစ်စီးကိုKIA ပူး​ပေါင်းတပ်ကတိုက်ခိုက်ဖျက်ဆီးလို့မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-​ပေးပို့)

စက်တင်ဘာ-၂၃၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ချောဆွဲ(အတင်းအဓမ္မခေါ်ယူ)လို့ ကချင်ပြည်နယ်ဗန်းမော်သို့ လိုက်ပါခဲ့ရပြီး သင်္ဘောတွေ ဆုံးရှုံးခဲံရတဲ့ ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များ အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သင်္ဘောပိုင်ရှင်းများသို့ ဆိုပြီးလိပ်မူထားတဲ့ စာကို ဒုဗိုလ်ချုပ်ကြီးဂွန်မော်က စက်တင်ဘာ ၂၃ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ကတဆင့် ဖော်ပြခဲ့တာပါ။

“ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များ နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ နွေဦးတော်လှန်ရေးကာလရဲ့ အရင်းအနှီးဖြစ်သည်မို့ စီးပွားများ ပြန်လည်တိုးပွားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါသည်။ မေတ္တာဖြင့်” ဟု ဗိုလ်ချုပ်ဂွန်မော်က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအနေနဲ့ သင်္ဘော၄စီးအထိဆုံးရှုံးရသူများပါရှိကြောင်း သိရတယ်လို့လည်း ဖော်ပြထားပါတယ်။ သင်္ဘောတစီးတန်ဖိုးမှာသိန်းပေါင်း (ရှစ် ထောင်) မှ သိန်းပေါင်း (နှစ် သောင်း) အထိ ရှိကြောင်း လည်း ဖော်ပြထားပါတယ်။ဒါ​ကြောင့်သင်္ဘော၄စီးရှင်မှာ ကျပ်သိန်း​သောင်းချီဆုံးရှုံးခဲ့တာဖြစ်ပါတယ် ။

တဖက်မှာလည်းစစ်တပ်ကိုအခုလို သင်္ဘော​တွေ​ပေးအသုံးပြုတဲ့လုပ်ငန်းရှင်တချို့မှာစစ်တပ်ဆီက အကျိုးခံစားခွင့်ရသူ​တွေရှိတယ်လို့ ​တော်လှန်​ရေးရဲ​ဘော်အချို့က​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်၊ဗန်​မော်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ ၂၀၂၆ ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာလအတွင်း သင်္ဘောအစီးရေများစွာ အသုံးပြု ကြိုးပမ်းခဲ့ရာ ကသာ-ရွှေကူကြား၊ ရွှေကူ -ဗန်းမော်ကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သလို့ စစ်သင်္ဘောတွေအပါအဝင် သင်္ဘော အစီး ၂၀ ဝန်းကျင်ပျက်စီးခဲ့ရပါတယ်။ စစ်ကတပ်ဟာ ဗန်း​မော်က​နေ မန္တ​လေးပြန်တဲ့အခါ ကသာနဲ့ ရွှေကူမှာရှိတဲ့ အရပ်သားသင်္ဘောအများအပြားကို အသုံးပြုခဲ့တာလို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ အလားတူ မန္တ​လေး​ဂေါ်ဝိန်ဆိပ်ကမ်းက​နေ ထွက်ခွာတဲ့အခါမှာလည်း ပုဂ္ဂလိက သင်္ဘော​တွေကို ​ချောဆွဲအသုံးပြုခဲ့တယ်လို့ လည်းမန္တ​လေးကလုပ်ငန်းရှင်အချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook