Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ယင်းမာပင်သပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်လူထုသပိတ်

စက်တင်ဘာ ၂၃၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ တော်လှန်ပြည်သူတွေက (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ကျေးရွာအလိုက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ အားပေးထောက်ခံမှု ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ကမ်းစာစောင်တွေမှာ ကုလသမဂ္ဂ စင်မြင့်ကနေ မြန်မာပြည်သူတွေရဲ့ အသံနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဆက်လက်ဖော်ပြနိုင်ရေးအတွက် ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားပေးဖို့နဲ့ ပြည်သူတွေရဲ့အသံကို မတိတ်ဆိတ်စေဖို့လည်း တောင်းဆိုထားပြီး ငါတို့သံအမတ်၊ ငါတို့အသံ ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ မြောင်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၃၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

"ဒီပဝါကို အနီးကပ်ကြည့်ကြည့်ရင် ကျဆုံးသွားသူတွေရဲ့ နာမည်တွေနဲ့ အသက်တွေကို ဖော်ပြထားပါတယ်။အငယ်ဆုံးက နှစ်လသားပါ၊ အကြီးဆုံးက ၁၀၅ နှစ်ပါ..."

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ ကိုင်ပြောခဲ့တဲ့ ပဝါပေါ် ရေးထားတဲ့ အမည်တွေကတစ်ဆင့် ထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်ပေးကြဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာစိတ် ရှိကြဖို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားပါတယ်။

အတွေးအမြင်

ယောက်ျားရင့်မာကြီး တစ်ယောက် လူပုံအလယ်မှာ ဝမ်းနည်း မျက်ရည်ကျနေတာကို ကြည့်ရင်း ကျွန်တော်တို့လည်း သူနဲ့အတူ မျက်ရည်တွေ ကျခဲ့ရပါတယ်။