Connect with us

Hi, what are you looking for?

သတင်း

မန္တလေး-မြစ်ကြီးနားလမ်း Expressကား ဘယ်လိုသွားကြသလဲ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဧရာဝတီမြစ်အတွင်းမှာ မော်တော်တွေအပေါ် Express ကားနဲ့ ကုန်တင်ကားတစ်စီးကို တင်ပြီး မြစ်ပြင်ဖြတ်ကူးနေတဲ့ရုပ်သံတစ်ခု TikTok မှာ လူကြိုက်များနေပါတယ်။

စက်တင်ဘာ ၂၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဧရာဝတီမြစ်အတွင်းမှာ မော်တော်တွေအပေါ် Express ကားနဲ့ ကုန်တင်ကားတစ်စီးကို တင်ပြီး မြစ်ပြင်ဖြတ်ကူးနေတဲ့ရုပ်သံတစ်ခု TikTok မှာ လူကြိုက်များနေပါတယ်။

အဲဒီရုပ်သံထဲမှာ မော်တော်နှစ်စင်းပူးကာ ဖောင်ဖွဲ့ပြီး Express ကားတစ်စီးနဲ့ ကုန်တင် ဘောက်ကားတစ်စီးကို စွန့်စွန့်စားစားတင်ဆောင်ကာ ဧရာဝတီမြစ်အတွင်း ရေပြင်ကျယ်မှာ ကမ်းကူးပေးခဲ့တာကို မြင်တွေ့ရပါတယ်။ ကသာမြို့နယ်၊ ကလုံရွာဇက်ဆိပ်ကနေ အင်းရွာဘက်ကို ကူးတာလို့ သိရပါတယ်။ ဘေးကနေလည်း မော်တော်တစ်စင်းက အရံအနေနဲ့ ကပ်လိုက်ပေးခဲ့ပါတယ်။

“expressတစ်စီးတည်းထင်နေတာ ဘောက်ကားတစ်စီးပါ အပိုပါသေးတာဟ ကျွတ်ဆင်ကြီး။ လုပ်ရဲကိုင်ရဲတဲ့သတ္တိကိုတော့ လေးစားပါတယ်ဗျာ။ ဖြစ်သွားရင်တော့ တန်ဖိုးမသေးဘူး ဂရုစိုက်ကြပါ”လို့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ၊ လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် မန္တလေး-မြစ်ကြီးနားလမ်းဟာ တဖြောင့်တည်းသွားလို့မရတော့ဘဲ ကွင်းလမ်းတွေကတဆင့် သွားလာရသလို အခုလို ဧရာဝတီမြစ်ကို မော်တော်နဲ့ကူးဖြတ်ပြီးလည်း ခရီးဆက်နေရတာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၅ ရက်မှာဆိုရင် ကသာကနေ ကလုံရွာကိုသွားတဲ့လမ်းပိုင်း ပိတ်ထားပြီး ကသာဇက်ဆိပ်မှာ ကားတွေရာချီ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook