Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်သား ၁၄ ဦး ပင်လယ်ထဲ မျောပါ သေဆုံးမှုအတွက် ကာဇက်စတန် စစ်ဘက် အရာရှိ ၅ ဦး အဖမ်းခံရ

စစ်ရေးလေ့ကျင့်ရင်း စစ်သား ၁၄ ယောက် ပင်လယ်ထဲ မျောပါ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကာဇက်စတန်က စစ်ဦးစီး အရာရှိ ၅ ဦး ဖမ်းဆီးခံထားရပါတယ်။

ဓာတ်ပုံ - Getty Images

စစ်ရေးလေ့ကျင့်ရင်း စစ်သား ၁၄ ယောက် ပင်လယ်ထဲ မျောပါ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကာဇက်စတန်က စစ်ဦးစီး အရာရှိ ၅ ဦး ဖမ်းဆီးခံထားရပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့တုန်းက ကက်စ်ပီယန် ပင်လယ်ထဲက စစ်ရေး လေ့ကျင့်မှု တစ်ခုမှာ စစ်သည် ၁၇ ဦး မတော်တဆမှုနဲ့ကြုံပြီး ရေထဲ မျောသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် ၁၄ ဦးကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။

စစ်သားတွေဟာ Kaisar စစ်သင်္ဘောကနေ ရေအနက် တစ်မီတာလောက်သာရှိတဲ့ ရေထဲ ဆင်းနေချိန်မှာ ရာသီဥတု ဆိုးရွားလာမှုနဲ့ ကြုံပြီး ပင်လယ်ထဲ မျောပါသွားပါတယ်။ သူတို့ခန္ဓာကိုယ်ပေါ်က လေးလံတဲ့ စစ်အသုံးအဆောင်တွေကြောင့်လည်း တပ်ဖွဲ့ဝင်တွေ ရေနစ် သေဆုံးကုန်တာ ဖြစ်ပါတယ်။

စစ်တပ်ကတော့ စစ်ရေးလေ့ကျင့်နေချိန် အတောအတွင်း ရာသီဥတု ရုတ်တရက် ပြောင်းသွားပြီး လေတိုက်နှုန်း တိုးလာချိန်မှာ အခုလို အခြေအနေမျိုး ကြုံခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တပ် ထိပ်တန်း အရာရှိတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဖမ်းခံရသူတွေထဲမှာ ရေတပ်ရဲ့ ဒုတိယ အကြီးအကဲ၊ စစ်ဘက်ယူနစ် နှစ်ခုရဲ့ ဦးစီးအရာရှိတွေ၊ မရိန်းတပ်ဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင်နဲ့ ရေတပ်လှေရဲ့ ဦးစီးမှူးတွေ ပါဝင်ခဲ့ပါတယ်။ သူတို့တွေဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့လျော့မှု စွပ်စွဲချက်အတွက် အမှုရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် ပြည်ထဲရေး ဝန်ကြီးဌာနက ကော်မတီ တစ်ခုကို ဖွဲ့စည်းပေးထားပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ ကာဇက်စတန် အနောက်တောင်ပိုင်းက အက်တောမြို့ရဲ့ ၄၃ ကီလိုမီတာအကွာ ကမ်းရိုးတန်း တစ်နေရာမှာ ပေါ်ပေါက်ခဲ့တာပါ။

ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဆန်ဇာ အဒီလော့ဗ်က တပ်ဖွဲ့ဝင်တွေ သေဆုံးရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အမိန့်ပေး ညွှန်ကြားမှု၊ အနီးကပ်ကွပ်ကဲမှု၊ စစ်ရေးလေ့ကျင့်မှု အစီအမံတွေကို အသေးစိတ် စုံစမ်း စစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။

ကက်စ်ပီယန် ကာကွယ်ရေး ၂၀၂၆ စစ်ရေးလေ့ကျင့်မှုလို့ နာမည်ပေးထားတဲ့ အစီအစဉ်မှာတော့ စစ်သည် အင်အား ၅၀၀ ကျော်၊ ကမ်းနီး ကင်းလှည့်ရေယာဉ်တွေ၊ စစ်သင်္ဘောတွေ ပူးပေါင်းပါဝင် စစ်ရေးလေ့ကျင့်ခဲ့ကြောင်း ကာဇက်စတန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာဇက်စတန် နိုင်ငံထဲမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျလို့ လူပေါင်း ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၄၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ရှာလာဘာယက်ဗ်က ဆိုပါတယ်။

နိုင်ငံတကာ

ကာဇက်စတန်မှာ စက်သုံးဆီစျေးတွေ မြင့်တက်လာတာကို ပြည်သူတွေက ဆန္ဒပြကြရာကနေ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး တစ်ခုအသွင် ကူးပြောင်းလာတာ ဖြစ်ပါတယ်။ တိုကာယက်ဗ်ကတော့ ပြည်တွင်းက ဆူပူမှုတွေဟာ ပြည်ပနိုင်ငံ တချို့က ကျောထောက်နောက်ခံ ပြုထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ လှုံ့ဆော်နေတာလို့ စွပ်စွဲထားပါတယ်။

Facebook