Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာဇက်စတန် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူ ၂၀၀ ကျော် သေဆုံး

သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၄၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ရှာလာဘာယက်ဗ်က ဆိုပါတယ်။

ကာဇက်စတန် နိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း သွေးထွက်သံယို ပဋိပက္ခတွေကြောင့် သေဆုံးသူ ၂၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

ကာဇက်စတန်ရဲ့ ရာဇဝတ်မှုဆိုင်ရာ အစိုးရ ရှေ့နေဌာန အကြီးအကဲ ဆာရစ်ခ် ရှာလာဘာယက်ဗ်က လက်ရှိ ရထားတဲ့ စာရင်းတွေမှာ အသေအပျောက် ကိန်းဂဏန်းက ၂၂၅ ဦးထိ မြင့်တက်လာတယ်လို့ ပြောကြားသွားပါတယ်။ အရင်က အစိုးရ ထုတ်ပြန်ထားတဲ့ သေဆုံးမှု စာရင်းဟာ ၁၆၄ ဦး ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၄၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ရှာလာဘာယက်ဗ်က ဆိုပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရင်းမြစ်တွေ ကြွယ်ဝတဲ့ အာရှ အလယ်ပိုင်း နိုင်ငံမှာ လောင်စာဆီစျေး မြင့်တက်လာတာကို ပြည်သူတွေက မကျေနပ်ဘဲ ဇန်နဝါရီ ၂ ရက်မှာ စတင် ဆန္ဒပြခဲ့ကြပါတယ်။ နောက်တော့ ဒီလှုပ်ရှားမှုဟာ သမ္မတ ကက်ဆင်မ် ဂျော်မက် တိုကာယက်ဗ် ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ သွင်ပြင်မျိုး ပြောင်းလဲသွားပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းနည်းနဲ့ နှိမ်နင်းခဲ့သလို ဆန္ဒပြသူတွေထဲက တချို့က အလွန်အကျွံ ရမ်းကား သောင်းကျန်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုရှား ဦးဆောင်တဲ့ ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင်ဟောင်း နိုင်ငံတချို့က တပ်ဖွဲ့တွေကို ကာဇက်စတန်မှာ စေလွှတ် ဖြန့်ကျက်ပေးထားပြီး ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းဖို့ စီမံစေခဲ့ပါတယ်။

ကာဇက်စတန်က ဆန္ဒပြပွဲတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာထိ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး အစိုးရ ဆန့်ကျင်ရေး အထွေထွေ သပိတ်ကြီး ပုံစံမျိုးထိ ဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေက အစိုးရ အဆောက်အအုံ တချို့ကိုပါ ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ သမ္မတ တိုကာယက်ဗ်က ရုရှားနဲ့ မဟာမိတ် နိုင်ငံတချို့က စစ်သည် ၂၀၀၀ ကျော်လောက်ကို ဖိတ်ကြားပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တာဝန်တွေမှာ ကူညီပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အခုသီတင်းပတ် ကုန်မှာတော့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ တပ်တွေကို ပြန်ခေါ်ထားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေက ကာဇက်စတန်မှာ ဆက်ရှိနေသေးလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် အိန္ဒိယ အစိုးရရဲ့ ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။