Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့နောက် ရုရှားတပ်တွေ လွှတ်ပေးဖို့ ကာဇက်စတန် အကူအညီတောင်း

ကာဇက်စတန်မှာ စက်သုံးဆီစျေးတွေ မြင့်တက်လာတာကို ပြည်သူတွေက ဆန္ဒပြကြရာကနေ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး တစ်ခုအသွင် ကူးပြောင်းလာတာ ဖြစ်ပါတယ်။ တိုကာယက်ဗ်ကတော့ ပြည်တွင်းက ဆူပူမှုတွေဟာ ပြည်ပနိုင်ငံ တချို့က ကျောထောက်နောက်ခံ ပြုထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ လှုံ့ဆော်နေတာလို့ စွပ်စွဲထားပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အားကောင်းနေပြီး ပြည်တွင်းရေး မငြိမ်သက်မှုတွေ ကြုံတွေ့နေတဲ့နောက် ကာဇက်စတန် နိုင်ငံဟာ ငြိမ်ဝပ်ပိပြားမှု ဖော်ဆောင်ရေးအတွက် ရုရှားဆီ အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့နောက် ကာဇက်စတန် သမ္မတ ကက်ဆင်းမ်ဂျိုမတ် တိုကာယက်ဗ်က ရုရှားနဲ့ ချုပ်ဆိုထားတဲ့ လုံခြုံရေး သဘောတူ စာချုပ်ကို ကိုင်ဆွဲပြီး အခုလို အကူအညီ ရယူခဲ့တာ ဖြစ်ပါတယ်။ ရုရှားစစ်တပ်တွေဟာ ကာဇက်စတန်ကို ဝင်ရောက်လာပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်သွားမယ်လို့ တိုကာယက်ဗ်က ဆိုပါတယ်။

ကာဇက်စတန်မှာ စက်သုံးဆီစျေးတွေ မြင့်တက်လာတာကို ပြည်သူတွေက ဆန္ဒပြကြရာကနေ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး တစ်ခုအသွင် ကူးပြောင်းလာတာ ဖြစ်ပါတယ်။ တိုကာယက်ဗ်ကတော့ ပြည်တွင်းက ဆူပူမှုတွေဟာ ပြည်ပနိုင်ငံ တချို့က ကျောထောက်နောက်ခံ ပြုထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ လှုံ့ဆော်နေတာလို့ စွပ်စွဲထားပါတယ်။

ဒါပေမဲ့ အာရှ အလယ်ပိုင်း နိုင်ငံရေးဆိုင်ရာ သုတေသီ တစ်ဦးဖြစ်ပြီး လန်ဒန်မှာ အခြေစိုက်တဲ့ ကိတ်မယ်လင်ဆန်ကတော့ ကာဇက်စတန်က ဆန္ဒပြပွဲတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပီပီပြင်ပြင် အကောင်အထည် မဖော်နိုင်ခဲ့တဲ့ အစိုးရရဲ့ အားနည်းချက်တွေကြောင့်သာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့နောက် တိုကာယက်ဗ်က တင်းတင်းမာမာ တုံ့ပြန်တဲ့ အနေနဲ့ တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာပြီး ညမထွက်ရ အမိန့်တွေ၊ လူစုလူဝေး တားမြစ်မိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာ သမ္မတက ရုပ်မြင်သံကြားနေတဆင့် မိန့်ခွန်း ပြောခဲ့ရာမှာ ရုရှားနဲ့ ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာတဲ့ ၅ နိုင်ငံ စုပေါင်း ချုပ်ဆိုထားတဲ့ လုံခြုံရေး စာချုပ်ကို အသက်သွင်းသွားမယ်လို့ ကြေညာသွားပါတယ်။

နောက်ပိုင်းမှာတော့ အာမေးနီးယား သမ္မတ နစ်ကိုးလ် ပါရှင်ညန်ကလည်း ရုရှား ဦးဆောင်ပြီး စာချုပ် အဖွဲ့ဝင် နိုင်ငံတွေက စစ်တပ်တွေကို ကာဇက်စတန်ဆီ စေလွှတ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီ စုပေါင်း တပ်ဖွဲ့ဟာ ကာဇက်စတန်မှာ ကန့်သတ်ကာလ တစ်ခုသာ ဖြန့်ကျက်ထားမယ်လို့လည်း ပါရှန်ညာက ဆိုပါတယ်။

ကာဇက်စတန်ဟာ ၁၉၉၁ ခုနှစ်မှာ လွတ်လပ်ရေး ကြေညာခဲ့ပြီး တိုကာယက်ဗ်က နိုင်ငံရဲ့ ဒုတိယမြောက် ခေါင်းဆောင် ဖြစ်ပါတယ်။ သူ့လက်ထက်မှာ နိုင်ငံရဲ့ ဒီမိုကရေစီရေး စံနှုန်းတွေအပေါ် လေးစားမှု မရှိတဲ့အတွက် ဝေဖန်သံတွေလည်း ကျယ်လောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကာဇက်စတန်က ဆန္ဒပြပွဲတွေ အရှိန်ပိုမြင့်လာသလို အစိုးရ ဌာနတွေနဲ့ အစိုးရပိုင် အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေက အနည်းစုဖြစ်ပြီး အစွန်းရောက် အဖျက်သမားတွေက ဆူပူမှုတွေကို လှုံ့ဆော်ပေးနေတာလို့ ပြောပါတယ်။ ကာဇက်စတန် နိုင်ငံမှာ အာဏာရ ပါတီတစ်ခုတည်းသာ အဓိက ရပ်တည်နေပြီး အားကောင်းတဲ့ အတိုက်အခံ အင်အားစု မရှိသလို ရွေးကောက်ပွဲတိုင်းမှာလည်း အာဏာရ ပါတီကသာ မဲအရေအတွက် ရာနှုန်းပြည့်နီးပါးနဲ့ အနိုင်ရလေ့ ရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ယမန်နေ့က လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ ကိုနန်းလင်းနှင့် သပိတ်အင်အားစုများက ယမန်နေ့တွင် မြောက်ဒဂုံဈေး၌ ပြုလုပ်ခဲ့သည်။

သတင်း

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim) အပါအဝင် ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက ၂၆မိုင် လမ်းလျှောက်၍နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေကြမည် ဖြစ်ကြောင်းလည်း စီစဥ်သူများထံမှသိရသည်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုထူထပ်လာမှာကို စိုးရိမ်ကြောင်း အမေရိကန်အစိုးရက ဖေဖော်ဝါရီလထဲမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ထိုင်းလွှတ်တော်ဟာ ဇူလိုင် ၂၇ ရက်မှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲဆုံးဖြတ် ရွေးချယ်ဖို့ ရှိနေပြီး ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPက ဘယ်သူ့ကို အဆိုပြုမလဲ ဆိုတာကို အကျေအလည် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။