Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ် နတ်ချောင်းရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့၊ ပစ်ခတ်သံများ ဆက်တိုက်ကြားရဟုဆို

“အပြန်အလှန်တိုက်ပွဲဖြစ်တယ်ဆိုတာမျိုးထက် သူတို့ဘက်က ပဲပစ်နေတာပေါ့” ဟု ဒေသခံက ပြောသည်။

(နတ်​ချောင်းရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး​နေသည်ကို ​တွေ့ရစဥ်)

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ကလေးမြို့နယ် နတ်ချောင်းရွာရှိနေအိမ်အချို့ကို ယနေ့(ဒီဇင်ဘာ ၂၆ရက်)ညနေပိုင်း၌ ထပ်မံမီးရှို့နေပြီး ပစ်ခတ်မှုများလည်း ပြုလုပ်နေကြောင်း နတ်ချောင်းရွာဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၂ရက်က စစ်ကောင်စီတပ်က နတ်ချောင်းရွာသို့ ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီး၊သတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်။ ဒီဇင်ဘာ ၂၃ရက် လည်ပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီး နတ်ချောင်းရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ယင်းနေ့ညပိုင်းတွင် ရွာရှိနေအိမ် ​လေးလုံးထက်မနည်းကို မီးရှို့ခဲ့သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

“ အခုက အခြေအနေ အတော်ဆိုးနေတယ်။ ညနေ ၅နာရီဝန်းကျင်လောက်မှာ အပြစ်မဲ့ပြည်သူရဲ့ အိမ်မီးရှို့ခံရတယ်။ အပြစ်မဲ့ရွာသားတစ်ဦးလည်း ဖမ်းဆီးခံရတယ်။ အခုလည်းလက်နက်ကြီးတွေနဲ့ရော သူတို့ဘက်က ပစ်ခတ်ပြီးတော့ ဘုန်းကြီးကျောင်းဘက်ကို ဝင်စီးနေတယ်လို့ကြားတယ်။ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေတဲ့ ရွာသူရွာသားတွေ ကျန်နေသေးတယ်”ဟု ၎င်းက ပြောသည်။

ဒေသခံက ပေးပို့လာသည့် အသံဖိုင်တွင် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့် အသံများလည်းကြားရသည်။

Public Service Announcement

Public Service Announcement

“အပြန်အလှန်တိုက်ပွဲဖြစ်တယ်ဆိုတာမျိုးထက် သူတို့ဘက်က ပဲပစ်နေတာပေါ့” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က နတ်ချောင်းရွာကို ဝင်ရောက်စီးနင်း ပစ်ခတ်မှုများကြောင့် ဒီဇင်ဘာ ၂၂ရက်မှ ၂၆ရက်အတွင်း အမျိုးသမီး ၂ဦးအပါအဝင် ရွာသူရွာသားအနည်းဆုံး ၁၁ဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။