Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်ပျောက်ပြန်

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။

(ပျောက်ဆုံးနေသော လူနာစောင့်အား တွေ့ရစဥ်။ ဓါတ်ပုံံ-အဖြူရောင်လက်များပရဟိတအသင်း(မြင်းခြံ))

အောက်တိုဘာ ၉၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။

မန္တလေးမြို့ ကုတင် ၅၅၀ ကလေးဆေးရုံမှာ လူနာစောင့်နေတဲ့မြင်းခြံမြို့ ၊ အမှတ်(၁၇)ရပ်ကွက် အပိုင်း(၃)မှာ နေထိုင်တဲ့ ဦးပေါ (ခ) ဦးသန့်ကျော်ကျော်ဆိုသူဟာ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီခွဲခန့်က ဆေးရုံကနေပျောက်ဆုံးသွားကြောင်း အဖြူရောင်လက်များပရဟိတအသင်း(မြင်းခြံ)က အသိပေးပါတယ်။

အဲဒီအမျိုးသားဟာ ပျောက်ဆုံးချိန်မှာ အင်္ကျီအနီကွက်လက်ရှည်ဝတ်ဆင်ထားကြောင်း၊ ၎င်းအား တွေ့ရှိပါက အဖြူရောင်လက်များပရဟိတအသင်း(မြင်းခြံ)ရုံးသို့ ဆက်သွယ်ပေးဖို့ အကူအညီတောင်းထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ကုတင် ၅၅၀ ကလေးဆေးရုံမှာပဲ ဆေးရုံတက်ကုသနေရတဲ့ ကလေးငယ်တွေရဲ့ ဖခင်နှစ်ဦး ပေါ်တာဆွဲခံခဲ့ရပါသေးတယ်။ သတင်းပြန့်သွားတာကြောင့် ရက်ပိုင်းအကြာမှာတော့ ဖခင်နှစ်ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့တာ တွေ့ရပါတယ်။

“ဆေးရုံဝင်းထဲထိဝင်ပြီး ပေါ်တာဆွဲတာတွေရှိတယ်ပြောတယ်။ ကိုယ်တွေတောင် ၁၇ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်လူနာစောင့်ပါလာလို့ အပြင်သိပ်မထွက်ခိုင်းရဲတော့ဘူး”လို့ အဆိုပါဆေးရုံမှာ တက်နေတဲ့ လူနာစောင့်တစ်ဦးက ပြောပါတယ်။

စစ်တပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ အဓမ္မစု​ဆောင်းထားတဲ့စစ်သားသစ်​တွေနဲ့အဓိက​စေလွှတ်တိုက်ခိုက်​နေပြီး ​သေဆုံးဒဏ်ရာရတာ ၊ ထွက်​ပြေးတာ ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သွားတာ​တွေများ​နေသလို ၊စစ်သားသစ်စု​ဆောင်းဖို့ ပိုခက်ခဲလာတဲ့အတွက် ​နည်းမျိုးစုံနဲ့ ​ပေါ်တာဆွဲတာ​တွေကိုပိုလုပ်လာတာဖြစ်တယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက ​ပြောပါတယ်။ ဒါ​ကြောင့် လူငယ်​တွေ ၊ပြည်သူ​တွေအ​နေနဲ့​ ပေါ်တာဆွဲမခံရ​​အောင်ပါးနပ်စွာ​နေထိုင်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေက တိုက်တွန်း​ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု အောက်တိုဘာမှာ လုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၂၉)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။