Connect with us

Hi, what are you looking for?

News

ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦး စစ်ကောင်စီရဲ့စစ်ကြောရေးမှာ ကျဆုံး

ကိုအောင်ဘုန်းကျော်နဲ့အတူ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုသူရအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးကိုရောက်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်တက္ကသိုလ် တတိယနှစ်ကျောင်းသားကိုအောင်ဘုန်းကျော်ဟာ ဒီဇင်ဘာလ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခံရပြီး တစ်ရက်အကြာ စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဘူမိဗေဒ တတိယနှစ်ကျောင်းသားကိုအောင်ဘုန်းကျော်ဟာ တာမွေမြို့နယ် မှာ ဒီဇင်ဘာလ ၂၆ ရက်က ဖမ်းခံရပြီး ဒီဇင်ဘာလ ၂၇ ရက်က စစ်ကောင်စီရဲ့စစ်ကြောရေးမှာ ကျဆုံးသွားတာပါ။

ကိုအောင်ဘုန်းကျော်နဲ့အတူ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုသူရအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးကိုရောက်ရှိနေတယ်လို့သိရပါတယ်။

ကိုအောင်ဘုန်းကျော် ကျဆုံးတဲ့အပေါ် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ဌာနက ဆရာ ၊ဆရာမတွေ နဲ့ကျောင်းသူ၊ကျောင်းသားတွေက ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။