Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ရဲ့လမ်းတွေပေါ်မှာလုယက်မှုတွေရက်ဆက်ဖြစ်ပွားနေ

မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးမှာအခုရက်ပိုင်းအတွင်းလမ်းသွားလမ်းလာခရီးသွားတွေကိုအသက်အန္တရာ​​ယ်ပြုပြီးလုယက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးမြို့တွင်းမြင်ကွင်း(ပုံဟောင်း - ဓာတ်ပုံ - Google Map)

အောက်တိုဘာ – ၁၂ ၊၂၀၂၆

မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးမှာအခုရက်ပိုင်းအတွင်းလမ်းသွားလမ်းလာခရီးသွားတွေကိုအသက်အန္တရာ​​ယ်ပြုပြီးလုယက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

လုယက်ခံရတဲ့ဖြစ်စဉ်တွေဟာ အောက်တိုဘာ ၁၀ ရက် ၊ ၁၁ ရက်နဲ့ ၁၂ တို့မှာ ဖြစ်ပွားခဲ့တာပါ။

မီနီအိုးဝေယာဉ်မောင်းကိုဓားနဲ့ ခုတ်ပြီးလုယက်တာ၊ မီနီအိုးဝေစီးနင်းလာတဲ့ခရီးသည်ကိုဆိုင်ကယ်နဲ့လုယက်တာ ၊ဆိုင်ကယ်စီးအမျိုးသမီးကို ဓားနဲ့ ခုတ်ပြီး လုယက်တဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မီနီအိုးဝေသမားကိုလုယက်မှုဟာအောက်တိုဘာလ ၁၁ ရက် ညပိုင်း ၇ နာရီအချိန်က မန္တလေးမြို့ ၊ ၆၈ လမ်း ၊ ၁၃၈ လမ်းနဲ့ ၁၃၉ လမ်းမှာ ဖြစ်ပွားခဲ့တာပါ။ ယာဉ်မောင်းကို အမျိုးသားတစ်စုက ဓားနဲ့ခုတ်ပြီး လုယက်သွားတာလို့ သိရပါတယ်။

“အိုးဝေကို ဓားနဲ့ခုတ်လုခံရတာပါ ၊အတော်စိတ်မကောင်းဖြစ်ရပါတယ် “ လို့ မြို့ခံ တစ်ဦးကပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက် ညနေပိုင်း ၆၂ လမ်း ၊ မနော်ရမ္မံကစားကွင်းအနီးမှာမီနီအိုးဝေစီးနင်းလာတဲ့ခရီးသည်ရဲ့ဖုန်းကိုဆိုင်ကယ်စီးအမျိုးသားနှစ်ဦးအနီးကပ်လာပြီး လုယက်သွားတဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါတယ်။

“အိုးဝေစီးရင် ဖုန်းနဲ့ပိုက်ဆံအိတ်ကိုသေချာထည့်ဖို့ ခရီးသည်ကိုတွေမှာနေရတယ် ” မန္တလေးမြို့မှာ မီနီအိုးဝေပြေးဆွဲနေတဲ့ အသက် ၃၀ အရွယ်အမျိုးသားက ပြောပါတယ်။

မနေ့ (အောက်တိုဘာ ၁၁ ရက် ) ညနေပိုင်း ၆ နာရီဝန်းကျင်ကလည်း သိပ္ပံလမ်းသစ် (အောင်ပင်လယ်ဘိုးဘိုးကြီး နတ်နန်းမြောက်ဘက်လမ်း) မှာ ဆိုင်ကယ်စီးအမျိုးသမီးကိုဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်သွားတယ်လို့ ဖြစ်စဉ်ကိုသိတဲ့ အမျိုးသား တစ်ဦးကလူမူကွန်ရက်ကနေအသိပေးထားပါတယ်။

အဲဒီဖြစ်စဉ်မှာအမျိုးသမီးကဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတာကြောင့် ဒဏ်ရာအပြင်းအထန်မရပေမယ့် သုံးချက် ချုပ်လိုက်ရတယ်လို့ အသိပေးချက်မှာ ရေးသားထားတာပါ။

ဒီနေ့ မနက်( အောက်တိုဘာ ၁၂ ရက်) မှာလည်း မနော်ဟရီလမ်း၊ လမ်း ၆၀ နားမှာ မီနီအိုးဝေစီးလာတဲ့ အမျိုးသမီးရဲ့ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လုယက်မောင်းပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟာလူသွားလူလာမပြတ်တဲ့ မနော်ဟရီ လမ်းမကြီးပေါ်မှာ ဖြစ်ပျက်ခဲ့တာပါ။

အခုလို လုယက်မှုတွေ ဖြစ်ပွားနေတဲ့မန္တလေးမြို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး နန်းတွင်းထဲမှာ အလယ်ပိုင်းစစ်ဌာနချုပ်အထိုင်ချထားတဲ့မြို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ခရီးသည်က အိုးဝေသမားကို တိုက်ခိုက်ပြီး ယာဥ်လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတံတား(ရတနာပုံတံတား)က စစ်တပ်ရဲ့ နှာပေါက်စစ်ဆေးရေးဂိတ်ဟာ ပိတ်သိမ်းလိုက်တာမဟုတ်ဘဲ နေရာရွှေ့ပြောင်းသွားခြင်းသာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

Facebook