Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဆင့်မြှင့်တင်ထားတဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

အဆင့်မြှင့်တင်ထားတဲ့ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

အဆင့်မြှင့်တင်ထားတဲ့ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ စမ်းသပ်မှု ရလဒ်ဟာ နိုင်ငံရဲ့ လက်နက် စနစ်တွေကို အားဖြည့်ရာမှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၁၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို အောက်တိုဘာ ၁၂ ရက်နေ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မြောက်ကိုရီးယားဟာ ဒုံးကျည်တချို့ကို ဂျပန်ပင်လယ်ပြင်ဖက် ပစ်ခတ်ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ KCNAရဲ့ သတင်းမှာတော့ မဟာဗျူဟာ ဒုံးကျည်တစ်စင်း စမ်းသပ်မှုကိုပဲ အဓိက အလေးပေး ဖော်ပြထားပါတယ်။ မြောက်ကိုရီးယား အတွက်တော့ မဟာဗျူဟာဆိုတဲ့ အသုံးအနှုန်းဟာ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မွမ်းမံ အဆင့်မြှင့်ထားတဲ့ ဒုံးကျည်အသစ်ကို စမ်းသပ်ပစ်ခတ်နိုင်ခဲ့တာဟာ နိုင်ငံရဲ့ တိုက်စစ်ကဏ္ဍအတွက် ရည်ရွယ်ထားတဲ့ လက်နက်စနစ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ နည်းပညာပိုင်းအတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုလို့ KCNAက ရည်ညွှန်းထားပါတယ်။

စမ်းသပ်ပစ်ခတ်တဲ့ ဒုံးကျည်အမျိုးအစားနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မြောက်ကိုရီးယားက မထုတ်ပြန်ခဲ့ပါဘူး။

အစောပိုင်းတုန်းက တောင်ကိုရီးယားရဲ့ ပူးပေါင်း စစ်ဆင်ရေးဌာန (JCS)က မြောက်ကိုရီးယားဟာ အမျိုးအစား မတူဘူးလို့ ယူဆရတဲ့ ဒုံးကျည်တချို့ကို ပစ်ခတ်ခဲ့ကြောင်း၊ တစ်စင်းကတော့ ကီလိုမီတာ ၉၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်လို့ ပူးပေါင်း ဆန်းစစ်မှုတွေ လုပ်ဆောင်နေပါတယ်။

မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးကျည်တစ်စင်းကို ရနိုင်သမျှ အမြင့်ဆုံး အကွာအဝေးထိ ပစ်ခတ်ခဲ့တာ၊ ဒါမှမဟုတ် တာလတ်ပစ် ဒုံးကျည်တစ်စင်းကို အကွာအဝေး လျှော့ချပြီး ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ JCS ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ဂျန်ဒိုယောင်းက မှတ်ချက်ပေးခဲ့ပါတယ်။

တာတိုပစ် ဒုံးကျည်တွေရဲ့ ပျံသန်းနိုင်စွမ်းကို ကီလိုမီတာ ၃၀၀ နဲ့ ၁၀၀၀ ကြားလို့ သတ်မှတ်ထားပြီး တာလတ်ပစ် ဒုံးကျည်တွေကတော့ ကီလိုမီတာ ၁၀၀၀ ကနေ ၃၀၀၀ ကြား ခရီးရောက်နိုင်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ဒုံးကျည်ပစ်ခတ်မှုတွေဟာ အခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ၁၆ ကြိမ်မြောက် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: Korea Joongang

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်း သဝဏ်လွှာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ရဲ့ အစိုးရဟာ ရုရှားကို မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံနေမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ လုံးဝ မပတ်သက်ကြောင်း မြောက်ကိုရီးယား အစိုးရက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Facebook