အောက်တိုဘာ ၁၉၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးလက်ဈေးတစ်ခုမှာ သပိတ်အင်အားစုတွေက ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံကြောင်း အောက်တိုဘာ ၁၈ ရက်က ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြလှုပ်ရှားသူတွေက “Our Ambassador. Our Voice. Our Representative” ဆိုတဲ့ စာသားကိုင်ဆောင်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုမှ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။


















































