Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မှဗိုလ်မှူးကြီးတဦးကိုဖမ်းမိ၊ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့်ပစ်ခတ်ရာ​သေဆုံးသွားဟုတော်လှန်​ရေးတပ်ဖွဲ့ပြော

စစ်ကိုင်း၊အုန်းတော၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့ နောက် ခုခံထွက်ပြေး ဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်ခဲ့ရာမှာသေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

(ဗိုလ်မှူးကြီး ဇော််မျိုးတင့်ရဲ့ကတ်။ ဓါတ်ပုံ-လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့)

အောက်တိုဘာ-၂၂၊၂၀၂၆။ကတ်သရင်း၊ဟာနာဆန်/ People’s Spring

စစ်ကိုင်း၊အုန်းတော၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့ နောက် ခုခံထွက်ပြေး ဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်ခဲ့ရာမှာသေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေး- မုံရွာလမ်းပိုင်း ဒေသအခေါ် နုံးတွင်းခြေတော်ရာအမြောက်တပ်ကနေ တဆင့် အုန်းတော ၆၀၀၅တပ်ကို လာ‌ ရောက်စစ်ဆေးတဲ့ ဗိုလ် မှူးကြီးဇော်မျိုးတင့်ကိုစစ်တပ်ဘက်ပူးပေါင်းသွားတဲ့သူ​တွေနဲ့ တပ်တွင်း ဖရဲသီး​တွေရဲ့သတင်း ပေးချက်အရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ၁၈ ရက်၊ညနေ ၄ နာရီလောက်မှာ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့လက်အောက်ခံတပ်ရင်းဖြစ်တဲ့အုန်းတော ၆၀၀၅ အမြောက်တပ်ကတပ်ရင်းမှူးနဲ့ လက်အောက်ငယ်သားတွေဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်‌ အကျင့်ပျက်ခြစားတယ်ဆိုပြီး တိုင်ခံရလို့ သူကိုယ်တိုင်သွားရောက် စစ်ဆေးပြီး အပြန်မှာ စောင့်ပြီး ဖမ်းခဲ့တာ”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

နှုန်းတွင်းရွာအနီးက တပ်ဟာ သစခ-၇၂ တပ်ဖြစ်ပြီး ဗိုလ်မှူးကြီး ဇော််မျိုးတင့်ဟာ ဒုတိယတပ်ရင်းမှူးဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပေမယ့် လူထုနွေဦး အနေနဲ့သူရဲ့ရာထူးနဲ့အဆင့်ကိုသီးခြားအတည်မပြုနိုင်သေးပါဘူး။ ​

လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗိုလ်မှူးကြီး ဇော််မျိုးတင့်ရဲ့ ပြန်တမ်းဝင်အရာရှိကတ်မှာ သူ့ရဲ့ ပြန်တမ်းဝင်အမှတ် က ကြည်း-၂၉၄၅၈ ဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက်အောက်တိုဘာလ၁၉ ရက် နေ့မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့ လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပစ်ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလိုဖြစ်​နေစဥ်ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

“ကျွန်တော်တို့ကMOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီက နေပြီး တော့ ခြေလျင်စစ် ကြောင်းဝင်ဖို့ ဝေဟင်က နေပြီး တော့Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော် တွေကိုင် ဆောင်ထားတဲ့ သေနတ်ကို လုယူထွက် ပြေးဖို့ကြိုးစား တာ ကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ”လို့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းမြို့နယ်အ နောက်ခြမ်းက ကျေးရွာတွေ ကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြုလုပ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အောက်တိုဘာလ၁၉ ရက်နေ့က ကုန်းတန်း လေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ယ နေ့အထိ ဒီအနီးနား ကျေးရွာ တွေကို စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာအကြမ်းဖက်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်မှာလည်း စစ်ကိုင်းမြို့ အနောက်ခြမ်း ညောင်ကုန်းရွာကနေထွက်လာပြီး စစ်ကြောင်းထိုးနေကြောင်း၊နောက်ကြည့်ကျွန်းရွာ အရှေ့ကုန်းကနေ ရိပ်သာကျွန်းရွာကိုလည်း နောက်ချန်အင်အားတွေ ထပ်မံဝင်ရောက်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

ဆောင်းပါး

ပန်းလှတောရကျောင်းတိုက်က သက်တော် ၃၀ နှစ်ကျော်အရွယ် ဦးဇင်းဇနက(ဘွဲ့အမည်လွှဲ)ဟာကျောင်းထဲကို ရွာထဲကဧည့်သည်တွေ ရောက်လာလို့ ရေနွေးနဲ့ ဧည့်ခံဖို့ ပြင်တယ်။ ဦးဇင်းက ပန်းလှတောရကျောင်းတိုက်မှာ သီတင်းသုံးနေတာပါ။ ဦးဇင်းတို့ကျောင်းက ချောင်းဦးမြို့ရဲ့ အရှေ့တောင်အရပ် ၆ မိုင်လောက်အကွာလောက်မှာ ရှိတယ်။ ကျောင်းပေါ်ပေါက်လာတာ သုံးလေးနှစ်လောက်ရှိပါသေးတယ်။ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ရွာသူရွာသားတွေရဲ့စေတနာသဒ္ဓါတရားတွေကြောင့်ကျောင်းထဲအဆောက်အအုံလေးတွေ ပေါ်လာခဲ့ရတာပါ။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။