အောက်တိုဘာ-၂၅၊ ၂၀၂၆။မေရီ/People’s Spring
နေပြည်တော်မှာ ဆိုကရေးတီးပြိုင်ပွဲအကြိုအပို့လုပ်တဲ့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာယာဥ် မီးလောင်လို့ ဝန်ထမ်းတွေ ဆင်းပြေးခဲ့ရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၅ ရက်၊မနက် ၁၁ နာရီခွဲခန့်က နေပြည်တော်၊ ရေပန်းဥယျာဥ်ရှေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို အကြိုအပို့လုပ်ပေးနေတဲ့ ကား ၁စီးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။ မီးစလောင်လောင်ချင်း ယာဥ်ပေါ်ပါတဲ့ဝန်ထမ်းတွေကို ယာဥ်မောင်းက ဆင်းခိုင်းခဲ့တာကြောင့် လူအထိအခိုက်မရှိဘူးလို့ သိရပါတယ်။
” အင်ဂျင်ခေါင်းထဲက မီးခိုးစထွက်လာလို့ ကားသမားကမြန်မြန်ဆင်းကြဆိုလို့ပါ”လို့ ကားပေါ်လိုက်ခဲ့တဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

Public Service Announcement
ဒီကနေ့ဟာ ရုံးပိတ်ရက်ဖြစ်ပေမဲ့ အဆိုပါယာဥ်ဟာ ဆိုကရေးတီးပြိုင်ပွဲမှာ ကြိုပို့ယာဥ်အဖြစ် သုံးစွဲနေရင်း မီးလောင်ခဲ့တာ ဖြစ်ပြီး ဘယ်ဌာနရဲ့ယာဥ်ဆိုတာကိုတော့ မသိရသေးပါဘူး။
လက်ရှိ အယ်နီညိုကြောင့် ရာသီဥတု ပူပြင်းနေတဲ့အပြင် ဌာနဆိုင်ရာယာဥ်တွေရဲ့ ယာဥ်ကြံခိုင်မှု နည်းပါးမှုအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။



















































