Connect with us

Hi, what are you looking for?

News

ဖရူဆိုက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူတွေထဲမှာ ဝန်ထမ်း ၂ ဦးလည်း ပါသွားတယ်လို့ Save the Children အတည်ပြု

တစ်ဦးဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီး ၁၀ အရွယ် ကလေးငယ်ရဲ့ ဖခင်ဖြစ်သလို နောက်ဝန်ထမ်းတစ်ဦးဟာလည်း အသက် ၂၈ နှစ်ရှိပြီဖြစ်ကာ ၃ လအရွယ် ကလေးငယ်ရဲ့ဖခင်ဖြစ်တယ်လို့သိရပါတယ်။

ကုလလုံခြုံရေးကောင်စီအနေနဲ့ ကျုးလွန်သူတွေကိုအရေးယူနိုင်ရေးအမြန်လုပ်ဖို့ တိုက်တွန်းထား

ကယားပြည်နယ် ၊ဖရူဆိုမြို့နယ်က လမ်းမပေါ် လူပေါင်း ၃၀ ကျော်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ ဝန်ထမ်း ၂ ဦးလည်း သတ်ဖြတ်ခံရသူတွေထဲပါဝင်သွားတယ်လို့ Save the Children ကဒီနေ့ညပိုင်းမှာအတည်ပြုလိုက်ပါတယ်။

ဖရူဆိုမြို့နယ်အတွင်း ကလေး နဲ့အမျိုးသမီးတွေအပါအဝင် လူပေါင်း ၃၀ ကျော်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဟာ ဒီဇင်ဘာလ ၂၄ ရက်ဖြစ်ခဲ့တာပါ။

အသတ်ခံရသူတွေထဲပါသွားတဲ့ ဝန်ထမ်း ၂ ဦးဟာ ကလေးသူငယ်တွေ ရဲ့ပညာရေး တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေသူဖြစ်ပြီး လသားအရွယ် ကလေးငယ်တွေရဲ့ ဖခင်တွေလည်းဖြစ်ကြတယ်လို့ Save the Children က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဦးဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီး ၁၀ အရွယ် ကလေးငယ်ရဲ့ ဖခင်ဖြစ်သလို နောက်ဝန်ထမ်းတစ်ဦးဟာလည်း အသက် ၂၈ နှစ်ရှိပြီဖြစ်ကာ ၃ လအရွယ် ကလေးငယ်ရဲ့ဖခင်ဖြစ်တယ်လို့သိရပါတယ်။

သူတို့ ၂ ဦးဟာ Save the Children အဖွဲ့အစည်းမှာ လုပ်ကိုင်နေတာဟာ နှစ်ချီပြီလို့လည်း သိရပါသေးတယ်။

ဒါအပြင် သူတို့ ၂ ဦးဟာ အနီးအနားက ရပ်ရွာတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်အပြီး ရုံးကို ပြန်လာချိန်မှာတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ကြုံခဲ့ရတာလို့ Save the Children က ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်တပ်ဟာ ပြည်သူတွေကိုအဓမ္မဖမ်းဆီးတာ ၊သတ်ဖြတ်တာနဲ့ မီးရှို့တာတွေကိုလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေရဲ့ဖော်ပြချက်ကိုကြားသိရတယ်လို့ လည်းSave the Children က ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း ကျုးလွန်သူတွေကို အရေးယူဖို့ လုပ်ဆောင်ရမယ့် အဆင့်တွေကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ရမယ်လို့ Save the Children ကတိုက်တွန်းထားတာတွေ့ရပါတယ်။

Save the Children ဟာ မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်ကစတင်ပြီး ကျန်းမာရေး ၊အာဟာရ ၊ပညာရေးနဲ့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက်တွေကို နိုင်ငံအဝှမ်းလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။