Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ကညနရုံးရှေ့မှာ ဖြစ်ပွားတဲ့လူသတ်မှုနဲ့ဆက်စပ်ပြီးအမျိုးသားနှစ်ဦးကိုဖမ်းဆီး

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

အောက်တိုဘာ – ၃၀ ၊၂၀၂၆

သိပ္ပံလမ်းမပေါ် ရှိ ကညန ရုံးရှေ့က လျှပ်စစ်ကားအားသွင်းတဲ့ နေရာအနီးမှာ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားကို လည်ပင်းမှာဓားဒဏ်ရာတွေနဲ့သေဆုံးနေတာ အောက်တိုဘာလ ၂၉ ရက် မနက် ၇ နာရီခန့်က တွေ့ခဲ့ရတာပါ။

သေဆုံးသူဟာ အသက် ၃၂ အရွယ် မန္တလေး စည်ပင်ဝန်ထမ်း ကိုမျိုးသန့် ဆိုသူဖြစ်ပြီး ရဲကဖမ်းထားတဲ့ ကျုးလွန်သူဆိုသူကတော့ အသက် ၁၉ နှစ်အရွယ်ဆယ်ကျော်သက်အမျိုးသားပါ။သူတို့နှစ်ဦးဟာ အသိတွေဖြစ်ပြီး အခင်းဖြစ်တဲ့ ညက ဘီယာအတူသောက်ကြတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် လူသတ်ပြီး ကိုမျိုးသန့်ဆီက ရွှေဆွဲကြိုး​၊ ဖုန်းနဲ့ ငွေသားအချို့ကိုလုယူသွားခဲ့တာပါ။ ဖြစ်စဉ်မှာ ကျုးလွန်သူထွက်ပြေးရာမှာ ပို့ဆောင်ပေးတဲ့ မီနီအိုးဝေမောင်းသူကိုပါ ရဲက ဖမ်းထားတာပါ။

အခုတော့ အသက် ၁၉ နှစ်အရွယ်အမျိုးသားကို လူသတ်မှုပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

နိုင်ငံတကာ

လူသတ်မှု သံသယနဲ့ စစ်ဆေးခံနေရတဲ့ အမေရိကန် မရိန်းတပ်သား တစ်ဦးကို ဂျပန် အစိုးရ ရှေ့နေတွေက တရားဝင် စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ ပစ္စည်းခိုးယူပြီး လူသတ်မှုကျူးလွန်သူတွေကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။