Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်၊ ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို ပိုဆိုးလာစေတယ်လို့ကုလအရာရှိ​​တွေပြော

တရားမဝင်၊ ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ရန်လိုအကြမ်းဖက်မှုတွေကို ပိုမို ဆိုးရွားလာစေပြီး အရပ်သား ပြည်သူတွေကအဲဒီဒဏ်ကိုအဓိက သက်ရောက် ခံစားနေရကြောင်း ကုလသမဂ္ဂ (UN)ရဲ့မြန်မာ့အရေးကျွမ်းကျင်သူတွေကသတိပေး ပြောကြားခဲ့ပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်နဲ့ကျားဖြန့်လုပ်ငန်း​တွေဖြင့်တွဲပြီး နာမည်ကြီးတဲ့ ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင် ၊ BGF (KNA)​ခေါင်း​ဆောင်တို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

​အောက်တိုဘာ-၃၀၊၂၀၂၆။People’s Spring

တရားမဝင်၊ ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ရန်လိုအကြမ်းဖက်မှုတွေကို ပိုမို ဆိုးရွားလာစေပြီး အရပ်သား ပြည်သူတွေကအဲဒီဒဏ်ကိုအဓိက သက်ရောက် ခံစားနေရကြောင်း ကုလသမဂ္ဂ (UN)ရဲ့မြန်မာ့အရေးကျွမ်းကျင်သူတွေကသတိပေး ပြောကြားခဲ့ပါတယ်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို UNဆီ ဦးဆောင် တင်သွင်းခဲ့တဲ့ ကယ်လီအန်း အက်ကဲလ်စ် ကာရီက အဲဒီလို တရားမဝင် စီးပွားရေး လုပ်ငန်းတွေ ကြီးထွားလာခြင်းက ပြည်တွင်း ပဋိပက္ခတွေကို ပိုပြီး ရှည်ကြာစေတဲ့အပြင် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ အဓမ္မ ခိုင်းစေမှုတွေဒဏ်ကို ပြည်သူတွေသက်ရောက်ခံစားရစေကြောင်းထောက်ပြခဲ့ပါတယ်။အဲဒီလို အခြေအနေတွေဟာ လူသားချင်း စာနာမှု အကူအညီတွေ လက်လှမ်းမမီနိုင်တဲ့ ဒေသတွေမှာ ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

စစ်ရေး ပဋိပက္ခတွေနဲ့ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာအားနည်းချက်တွေကတရားဝင် စီးပွားရေး လုပ်ငန်းတွေကို ထိခိုက် အားလျော့သွားစေပြီး တစ်ဖက်မှာတော့ အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေ၊ သတ္တု ခိုးတူးတာတွေ၊ လူကုန်ကူးမှုနဲ့ အဓမ္မ ခိုင်းစေမှုတွေလို ရာဇဝတ်လုပ်ငန်းတွေ ပိုမို ကြီးထွားလာနေတယ်လို့ UNဆီ တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်တပ်ဟာလည်း အဲဒီဒုစရိုက် လုပ်ငန်းတွေနဲ့ ရောထွေးယှက်နွှယ် ပတ်သက်နေပြီး အမြတ်ငွေ အစိတ်အပိုင်းတွေက စစ်တပ်ရဲ့ လက်နက် ဝယ်ယူရေး လမ်းကြောင်းထဲ စီးဝင်နေတယ်လို့ အက်ကဲလ်စ် ကာရီက ပြောကြားခဲ့ပါတယ်။

ဒီတော့ မြန်မာနိုင်ငံက တရားမဝင် စီးပွားရေး လုပ်ငန်းတွေဟာ အာဏာသိမ်းမှု နောက်ဆက်တွဲ စစ်ရေး ပဋိပက္ခတွေရဲ့ ဆိုးကျိုးဖြစ်ရုံသာ မကဘဲ အဲဒီ ပဋိပက္ခကို ပိုမိုကြီးထွားစေမယ့် အဓိက အကြောင်းတရားတစ်ခု ဖြစ်လာနေတယ်လို့ သူက ဆိုပါတယ်။

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေလို ဒုစရိုက် အဖွဲ့တွေဟာတရုတ်နိုင်ငံကနေနယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဂိုဏ်းဂဏ အများစုဖြစ်ပြီး လူမှုကွန်ရက်နဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေမှာပါ အခြေပြုပြီး ဒုစရိုက် လုပ်ငန်းတွေ လည်ပတ်နေတယ်လို့ အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။

လူထုဟာအဲဒီ လုပ်ငန်းတွေရဲ့ ဆိုးကျိုးတွေကို သက်ရောက် ခံစားနေရသလို စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ တခြားတိုက်ခိုက်မှုတွေကြောင့်လည်း အပြင်းအထန် နစ်နာနေရပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် စက်တင်ဘာ လလယ်ထိ အခြေအနေအရ စစ်တပ်ဟာ အရပ်သား ပြည်သူ ၈၃၈၄ ဦးထက် မနည်းကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ ငြိမ်းချမ်းရေး စီမံချက် ဆိုတာကို ကြေညာပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဲဒီ ကာလအတွင်း အရပ်ဖက် အဆောက်အအုံတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စျေးတွေ၊ စစ်ရှောင်စခန်းတွေကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

ဒါတွေက မတော်တဆ ဖြစ်လာတာ မဟုတ်ဘဲ အရပ်သား ပြည်သူတွေ ကြောက်လန့်ပြီး အလျှော့ပေးလာအောင် တမင်လုပ်နေတဲ့ ကိစ္စတွေလို့ အက်ကဲလ်စ်ကာရီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ စစ်တပ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဖြတ်လေးဖြတ် အစီအမံတွေကို ကျင့်သုံးနေတာကြောင့်လည်း လူထုက ပိုပြီး ဆင်းရဲကျပ်တည်းနေရတယ်လို့ သူက ဆိုပါတယ်။

ကျားဖြန့်လိုဒုစရိုက်မှုတွေကိုနှိမ်နင်းဖို့ နိုင်ငံတကာရဲ့အားထုတ်တုံ့ပြန်မှုတွေက အရပ်သား ပြည်သူတွေကို သက်ရောက် ထိခိုက်သွားနိုင်တာကိုလည်းသူကသတိပေးခဲ့ပါတယ်။

ဥပမာ ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်လို့ မရအောင် Starlink အင်တာနက် ကွန်ရက်တွေ ပိတ်ချလိုက်တာမျိုးကစစ်တပ်ရဲ့အင်တာနက် ဖြတ်တောက်မှုကို ခံစားနေရတဲ့ ဒေသခံ ပြည်သူတွေအတွက်အစားထိုးဆက်သွယ်ရေးလမ်းကြောင်းတွေ ဆုံးရှုံးသွားစေတာကို အက်ကဲလ်စ် ကာရီက ထောက်ပြသွားခဲ့ပါတယ်။

ကိုးကား- UN

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်း​တွေတိုက်ဖျက်ဖို့ ၊FATF သတ်မှတ်ချက်​တွေကိုလိုက်နာဖို့သတိ​ပေးပြီး တိုးတက်မှုမရှိရင် ၂၀၂၇​​ဖေ​ဖော်ဝါရီမှာပိုပြင်းထန်တဲ့အ​ရေးယူမှုလုပ်ဖို့စဥ်းစားမယ်

သတင်း

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုအပေါ် မဲ့ကုကင်းဒေသရှိ ထိုင်းပြည်သူ​တွေက ဒီက​နေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆောင်းပါး

ALNAP ၏ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုစနစ် အခြေအနေ အစီရင်ခံစာ

သတင်း

မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုခြောက်လဆက်တိုက်ကျဆင်းနေပြီး ကုန်ကြမ်းမလုံလောက်မှု၊ သယ်ယူပို့ဆောင်စရိတ် ၊ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲနဲ့ ငွေလဲနှုန်းအပြောင်းအလဲတွေ မြင့်တက်နေတယ်လို့ အမေရိကန်အခြေစိုက်စီးပွားရေးသတင်းအချက်အလက်အဖွဲ့အစည်း S&P Global ကထုတ်ပြန်ပါတယ်။