Connect with us

Hi, what are you looking for?

News

ကျောက်ဝိုင်းပြင်ပမှာအရောင်းအဝယ်လုပ်လို့ ဖမ်းထားသူ ကျောက်သမား ၄၀၀ လောက်ကို စစ်ကောင်စီ အမှုဖွင့်ထား

ကျောက်ဝိုင်းမှာ အရောင်းအဝယ်လုပ်တဲ့အခါ စစ်ကောင်စီကိုပေးရတဲ့အခွန်အခများတာကြောင့် ကျောက်သမားတွေကပြင်ပမှာရောင်းဝယ်လုပ်ကြတာလို့သိရပါတယ်။

မန္တလေး ကျောက်ဝိုင်းအပြင်မှာ တရားမဝင် ကျောက်အရောင်းအဝယ်လုပ်တယ်ဆိုကာ ဖမ်းဆီးထားသူ ကျော်သမား ၄၀၀လောက်ကို စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုထားတယ်လို့သိရပါတယ်။

ကျောက်မျက်ဥပဒေမှာပြဌာန်းထားတဲ့ လိုင်စင်မရှိဘဲရောင်းဝယ်မှု ၊ ပူးပေါင်းကြံစည်မှု တွေနဲ့အမှုဖွင့်ထားတာလို့ကနဦးသိထားရပြီး ဒီပုဒ်မတွေဟာ ထောင် ၃ နှစ်အထိချလို့ရတယ်လို့သိရပါတယ်။

ဖမ်းဆီးထားသူတွေကို အိုးဘိုထောင်မှာ ထားရှိထားပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသားတွေလည်းပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီလိုဖမ်းဆီးမှုတွေလုပ်လိုက်ပြီးနောက် မဟာအောင်မြေကျောက်ဝိုင်းမှာ အရောင်းအဝယ်လုပ်လာတာတွေရှိလာတယ်လို့ကျောက်သမားတွေကဆိုကြပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဝိုင်းမှာ အရောင်းအဝယ်လုပ်တဲ့အခါ စစ်ကောင်စီကိုပေးရတဲ့အခွန်အခများတာကြောင့် ကျောက်သမားတွေကပြင်ပမှာရောင်းဝယ်လုပ်ကြတာလို့သိရပါတယ်။

“အခုက ဝိုင်းထဲမှာဝင်ပြီးလုပ်နေကြတယ်၊ အပြင်ဘက်တန်းမှာလည်း မလုပ်ရဲကြဘူးလေ၊လုပ်ရင်ဖမ်းမယ်လို့ပြောထားတာကို ၊ဒါပေမယ့် အလုပ်မဖြစ်ဘူးရယ် ထမင်းစားကျောက်လောက်ပဲအရောင်းအဝယ်လုပ်နေကြတာ၊သိန်းကြီး ရာကြီးကျောက်တွေက ဖမ်းခံရလို့တော်တော်များများပါသွားကြပြီလေ၊ အဓိကလူတွေ ကျောက်တွေကိုဖမ်းလိုက်တော့ ဝိုင်းက ငြိမ်သွားတော့တာပဲ “လို့ ကျောက်ပွဲစားတစ်ဦးကပြောပါတယ်။

မန္တလေးကျောက်ဝိုင်းနေရာကို တွေ့ရစဉ် ( ပုံဟောင်း )

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။