Connect with us

Hi, what are you looking for?

ဆောင်းပါး

အသက်ရှုကျပ်နေကြသူများ

လူအုပ်ကြီးဟာ ဘယ်ရွေ့လိုက်၊ ညာပါသွားလိုက်နဲ့လှိုင်းလုံးကြီးတွေလိုပဲ။ပတ်ပတ်လည် ပြည့်ကျပ်နေတဲ့ လူအုပ်ကြီးရဲ့အလယ်မှာ ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ယောက် ပက်လက်လန်ပြီး သတိလစ်နေတယ်။ ခြေချစရာ နေရာမရှိတာကြောင့် အမျိုးသမီးငယ်ဟာ လူအုပ်ကြီးထဲမှာတင် အသက်ထွက်မတက်ဖြစ်နေတယ်။

Screenshot

— တည်ကြည်/People’s Spring

လူအုပ်ကြီးဟာ ဘယ်ရွေ့လိုက်၊ ညာပါသွားလိုက်နဲ့လှိုင်းလုံးကြီးတွေလိုပဲ။ပတ်ပတ်လည် ပြည့်ကျပ်နေတဲ့ လူအုပ်ကြီးရဲ့အလယ်မှာ ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ယောက် ပက်လက်လန်ပြီး သတိလစ်နေတယ်။ ခြေချစရာ နေရာမရှိတာကြောင့် အမျိုးသမီးငယ်ဟာ လူအုပ်ကြီးထဲမှာတင် အသက်ထွက်မတက်ဖြစ်နေတယ်။

အဲဒီမြင်ကွင်းကတော့ နာမည်ကျော် တောင်ကြီးတန်ဆောင်တိုင်ပွဲက လာရောက်လည်ပတ်ကြသူတွေရဲ့ အခြေအနေ ဖြစ်ပါတယ်။ လည်ပတ်သူများပြားတာကြောင့် လူတိုးကြဝှေ့ကြရင်း အမျိုးသမီးငယ်ဟာ သတိလစ် မေ့မျောသွားတာ ဖြစ်ပါတယ်။

နောက်တော့ အဲဒီအမျိုးသမီးငယ်ကို မီးပုံးပျံတင်တဲ့ ကားတစ်စီးပေါ်ကနေ သံဃာတော်တွေက ဆွဲတင်လိုက်လို့ အသက်ဘေးကနေ လွတ်မြောက်သွားတယ်လို့ သိရတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှာ တောင်ကြီးတန်ဆောင်တိုင်ကို ပြန်လည်ကျင်းပခဲ့ပေမယ့် စည်ကားခဲ့ခြင်း မရှိပါဘူး။အာဏာသိမ်းစစ်တပ်ကလည်း တိုင်းပြည်အေးချမ်းသယောင် ၊တိုင်းပြည်ကို ​ကောင်း​ကောင်းအုပ်ချုပ်နိုင်ပုံရိပ်ကိုတည်

ဆောက်ဖို့ တောင်ကြီးတန်ဆောင်တိုင်ကို ကျင်းပပေးပြီး အသုံးချခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာတော့ အာဏာမသိမ်းခင်ကနီးပါး ပြန်လည်စည်ကားလာခဲ့ပါတယ်။ ဒီနှစ်မှာလည်း အလားတူ ခရီးသွားတွေနဲ့ စည်ကားနေပြီလို့ သိရတယ်။

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ တောင်ကြီးတန်ဆောင်တိုင်ပွဲကို ငွေကြေးဖောင်းပွမှုတွေ၊ ဓါတ်ဆီစျေးအပါအဝင် ကုန်ကျစရိတ်ကြီးမြင့်မှုတွေ၊ လမ်းခရီးမလုံခြုံမှု ၊လူငယ်​တွေကို အိမ်​ပေါ် ကား​​တွေ​ပေါ်လမ်း​ပေါ် တက်​ပေါ်တာဆွဲ​နေတဲ့ ကြားကနေ ခက်ခက်ခဲခဲ လာရောက်လည်ပတ်ကြပါတယ်။

ဒီနှစ်မှာလည်း အထက်မှာ ပြောခဲ့သလို ပွဲတော်ထဲက လူအုပ်ကြီးကြား အသက်နဲ့ရင်းပြီး တိုးဝင်ကြတယ်။ ဆိုင်တွေကလည်း သူတို့ရောင်းတဲ့ပစ္စည်းတွေ ပျက်စီးမှာစိုးလို့ ဧည့်သည်တွေကို ရေတွေနဲ့ ပြန်ပက်ကြတယ်။ တိုးရင်းပြုရင်း ခိုက်ရန်ဖြစ်ပွားပြီးထိုးကြကြိတ်ကြတာတွေလည်း တွေ့ရတယ်။ အရက်ပုလင်းတွေနဲ့လည်း ထုလိုထုတဲ့။ နောက်ပြီး မီးပုံးပျံ ပျက်ကျလို့ လူတွေလည်း ပြေးခဲ့ကြရပြီး ဆိုင်ကယ် ၂ စီးတောင် မီးလောင်ခဲ့တယ်လို့ သိရတယ်။

အမှန်တော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း အေးချမ်းနေတာ မဟုတ်ပါဘူး။ တောင်ကြီးမြို့ကနေ တောင်ဘက် မိုင် လေးဆယ်ကနေ ၆၀ အတွင်းမှာရှိတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ် အစပ်မှာ၊ ရပ်စောက်ဘက်မှာ၊ ညောင်ရွှေမြို့နယ် တောင်ဘက်ပိုင်း (အင်းလေးဒေသ အစပ်)မှာ တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ဖူးသလို စစ်ရေးတင်းမာတာတွေလည်း ရှိနေဆဲပါ။ လတ်တ​လောမှာကို ​ရှမ်းပြည်နယ်​တောင်ပိုင်း နဲ့ ကရင်နီနယ်စပ်မှာတိုက်ပွဲဖြစ်ပွား​နေပါတယ်။ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ​တော့ မိုးမိတ်မှာ တိုက်ပွဲ​တွေ ပြင်းထန်​နေတာပါ။

နိုဝင်ဘာ ဒုတိယပတ်ထဲမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးများလို့ ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ နမ့်စန်နဲ့ မောက်မယ်ဘက်က ရွာတွေ ရေတွေကြီးပြီး ပြည်သူထောင်ချီ ရေဘေးသင့်ခဲ့တယ်။ စပါးတွေဆို ရေမြုပ်ပျက်စီးခဲ့တယ်။ ရေတွေကြီးလို့ ကားလမ်းတွေပိတ်ပြီး ကုန်တွေ ဝင်မရ၊ ထွက်မရခဲ့ဘူး။

​ဒီလိုအခြေအနေတွေကြားမှာပဲ တောင်ကြီးတန်ဆောင်တိုင် စည်ကားနေတဲ့အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။ တစ်ဖက်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာလ စိတ်ဖိစီးမှုတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ စစ်ဘေးဒဏ်တွေကြား မွန်းကျပ်နေရတဲ့ ပြည်သူတွေအနေနဲ့ ခေတ္တခဏ စိတ်ထွက်ပေါက်ရှာပြီး အပန်းဖြေခွင့်ရတာကို နားလည်ပေးသင့်တယ်လို့ ယူဆသူတွေရှိသလို၊ ဒေသခံတွေအတွက်တစ်နှစ်တစ်ခါစီးပွားရေးလည်ပတ်ခွင့်ရတဲ့ အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ကြတာတွေလည်း ရှိပါတယ်။

​သို့သော်လည်း အခြားတစ်ဖက်မှာတော့ တစ်တိုင်းပြည်လုံး စစ်မီးတောက်လောင်နေပြီး ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်၊ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေချိန်မှာ အခုလို အပျော်အပါးပွဲတော်တွေကို အကြီးအကျယ် ဆင်နွှဲနေကြတာဟာကိုယ်ချင်းစာတရားကင်းမဲ့ရာရောက်သလို စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ယန္တရားထဲ အလိုလို သက်ဆင်းသွားစေတယ်လို့ ထောက်ပြဝေဖန်ကြသူတွေလည်း မနည်းလှပါဘူး။

နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းစစ်တပ်ကိုခုခံ​တော်လှန်တိုက်ပွဲတွေပြင်းထန်နေပေမဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်၊ သီတင်းကျွတ် မီးထွန်းပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြသခြင်းအားဖြင့် နိုင်ငံကအေးချမ်းနေပြီး အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေသယောင် ပြည်တွင်းနဲ့ နိုင်ငံတကာကို ဝါဒဖြန့်ချိဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာ ပွဲ​တော်​တွေနဲ့ စည်ကားတယ် ၊​တော်လှန်​ရေးတပ်​တွေစိုးမိုးတဲ့​ဒေသ​တွေမှာ ဗုံးကြဲခံရမယ်၊မီးရှို့ခံရမယ်၊စစ်​ကြောင်းထိုးဖျက်ဆီးခံရမယ်ဆိုပြီး စစ်အာဏာရှင်​တွေလုပ်​နေကြ ပြည်သူ​တွေကို​သွေးခွဲတဲ့ ၊ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို စိတ်ဓါတ်ယိမ်းယိုင်​အောင်လုပ်တဲ့ အကွက်​ဟောင်းပဲဖြစ်ပါတယ်။

အခုတောင်ကြီးတန်ဆောင်တိုင်ဟာဆိုရင်လည်း စစ်တပ် နဲ့ စစ်အုပ်စုလိုလားသူ​တွေရဲ့ဝါဒဖြန့် ယန္တရားအတွက် များစွာ အထောက်အကူရသွားခဲ့ပါတယ်။

တကယ်တော့ ပွဲတော်ကွင်းထဲက လူအုပ်ကြားမှာ တိုးဝှေ့ရင်း သတိလစ်သွားတဲ့ မိန်းကလေးငယ်ရဲ့ အဖြစ်အပျက်ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပုံရိပ်အစစ်အမှန်ပါပဲ။

အပေါ်ယံမှာ မီးရောင်စုံတွေနဲ့ စည်ကားပျော်ရွှင်နေပုံ ပေါက်နေပေမယ့် တကယ့်လက်တွေ့မှာတော့ ပြည်သူ​တွေဟာမွန်းကျပ်မှုတွေ၊ အန္တရာယ်တွေကြားမှာ အသက်ရှူကျပ်နေကြပါတော့တယ်။

ဆက်စပ်သတင်းများ

Facebook