Nvidia အမှုဆောင်ချုပ်ရဲ့ လူမှုရေး အရှုပ်တော်ပုံထဲမှာ သူနဲ့ ပတ်သက်ခဲ့တဲ့ အမျိုးသမီးက တရုတ်သူလျှိုပါဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား မရှိကြောင်း အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။
Nvidia အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်ဟာ အမျိုးသမီး ၃ ဦးနဲ့ ရှုပ်ထွေးခဲ့မှုကို ဝန်ခံခဲ့ပြီး အဲဒီအတွက်လည်း သူဟာ ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် ထောက်ခံ အားပေးမှုနဲ့အတူ ကုမ္ပဏီ ဘုတ်အဖွဲ့က ဟွမ်ကို မူလနေရာမှာ ပြန်လည် ခန့်အပ်ခဲ့ပါတယ်။
ဟွမ်ရဲ့ ပြဿနာမှာ အဓိက အာရုံစိုက် ခံရတဲ့ ကိစ္စကတော့ သူရှုပ်ထွေးမိခဲ့တဲ့ အမျိုးသမီးတွေထဲက တစ်ဦးဟာ တရုတ် ထောက်လှမ်းရေးက လေ့ကျင့်ပေးထားတဲ့ သူလျှို ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာလို့ပါပဲ။ ပြီးတော့ အဲဒီအမျိုးသမီးက လုံးဝဥဿုံ ခြေရာဖျောက်သွားပြီး တရုတ်နိုင်ငံဆီ ပြန်ရောက်နေတယ်လို့ ယုံကြည်ရပါတယ်။
Nvidia ကုမ္ပဏီရဲ့ အဆင့်မြင့် ကွန်ပျူတာ ချစ်ပ်တွေကို တရုတ်ဆီ ရောင်းချမှုကနေ အမေရိကန်က ကန့်သတ် ထိန်းချုပ်ထားပေမယ့် ဟွမ်နဲ့ အဲဒီ အမျိုးသမီးကြားက ဆက်နွှယ်မှုကြောင့် နည်းပညာ လျှို့ဝှက်ချက်တွေ ပေါက်ကြားခဲ့သလား ဆိုတာကို အမေရိကန် လွှတ်တော်နဲ့ နိုင်ငံရေး အသိုက်အဝန်းက စိုးရိမ်နေပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေဟာ လွှတ်တော် အမတ်တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ဟွမ်နဲ့ ရှုပ်ထွေးခဲ့တဲ့ အဲလစ်ဟွမ်ဆိုတဲ့ အမျိုးသမီးဟာ တရုတ်သူလျှိုပါလို့ အခိုင်အမာ သက်သေပြနိုင်တဲ့ အထောက်အထား မတွေ့ရသေးကြောင်း တင်ပြခဲ့ပါတယ်။
သမ္မတ ထရမ့်က ဟွမ်ရဲ့ ကိစ္စဟာ နိုင်ငံတော် လုံခြုံရေး ခြိမ်းခြောက်မှုမျိုး မဖြစ်ခဲ့သလို ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရမယ့် အခြေအနေလည်း မရှိဘူးလို့ မှတ်ချက်ပေးခဲ့ပြီး တစ်ရက်အကြာမှာပဲ ထောက်လှမ်းရေး အရာရှိတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကြား တံခါးပိတ် ဆွေးနွေးတင်ပြမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဟွမ်နဲ့ လူမှုရေး ရှုပ်ထွေးခဲ့ပြီး Nvidiaရဲ့ အဆင့်မြင့် ချစ်ပ်တွေကို တရုတ်ဆီ လွှဲပြောင်းခဲ့တယ်လို့ သံသယရှိခြင်း ခံရသူ စင်ကာပူ အခြေစိုက် Megaspeed ကုမ္ပဏီ အမှုဆောင်ဟောင်း အဲလစ်ရဲ့ သရုပ်မှန်နဲ့ အခန်းကဏ္ဍတွေကို တိတိကျကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲလို့ ထောက်လှမ်းရေး အရာရှိတွေက ရှင်းလင်း တင်ပြခဲ့ပါတယ်။
အခုဆွေးနွေးပွဲကို ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)၊ ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)နဲ့ အမျိုးသား
FBI၊ CIA နဲ့ အမျိုးသား ထောက်လှမ်း ရေးညွှန်ကြားရေးမှူးရုံး (ODNI)က အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။
အမေရိကန် ထောက်လှမ်းရေး အရာရှိတွေရဲ့ တင်ပြချက်အရ အဲလစ်ရဲ့ တရားဝင် ခင်ပွန်းအဖြစ် မိတ်ဆက်ထားတဲ့ ကန်ဝေဆိုတဲ့ အမျိုးသားကတော့ တရုတ်ရဲ့ အဓိက သူလျှို အေဂျင်စီဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန (MSS)နဲ့ ဆက်နွှယ်မှု ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူနဲ့ အဲလစ်ဟာ အမှန်တကယ် ဇနီးမောင်နှံတွေလား ဆိုတာကိုလည်း သီးခြား အတည်မပြုနိုင်ပါဘူး။ ကန်ဟာ တစ်ချိန်တုန်းက MSSအတွက် သတင်းပေး လုပ်ခဲ့ကြောင်း အထောက်အထားတွေကို အမေရိကန် ထောက်လှမ်းရေးက ရရှိထားပါတယ်။
အခုတွေ့ဆုံရှင်းလင်းမှုမှာ ဟွမ်နဲ့ အဲလစ်တို့ကြားက ဆက်ဆံရေးဟာ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်မှု ရှိနိုင်သလား ဆိုတာနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစီရင်ခံစာ အကြောင်းကိုတော့ ထည့်ပြောမသွားပါဘူး။ New York Times သတင်းဌာနက အဲဒီလို အစီရင်ခံစာမျိုး အမေရိကန် ထောက်လှမ်းရေးတွေဆီမှာ ရှိနေတယ်လို့ အောက်တိုဘာလမှာ ဖော်ပြခဲ့ပြီး လွှတ်တော် ထောက်လှမ်းရေး ကော်မတီတွေကလည်း အစီရင်ခံစာကို တောင်းဆိုထားပါတယ်။
ထရမ့်ကတော့ ဟွမ်ဟာ လူကောင်းတစ်ဦးဖြစ်ပြီး ပါရမီရှင် တစ်ဦးလို့ ညွှန်းဆိုခဲ့ပါတယ်။ ဟွမ်ဟာ သူနဲ့ ပတ်သက်မိခဲ့တဲ့ အမျိုးသမီးက တရုတ်သူလျှို ဖြစ်နိုင်တယ် ဆိုတာကို လုံးဝ မသိဘူးလို့ ဖွင့်ဟခဲ့ပြီး အဲဒီစကားကို ယုံကြည်ကြောင်းလည်း ထရမ့်က ပြောကြားထားပါတယ်။
ကိုးကား: New York Times



























































