နိုဝင်ဘာ -၂၈ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကရင့်နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၂၂)တပ်ရင်းမှုးဖြစ်သူ ဗိုလ်မှုးစောမုတ်သုန်ရဲ့နေရာမှာဒုတပ်မှုးဖြစ်တဲ့ ဗိုလ်မှုးစောကျော်လင်းဦးကို တပ်မှုးအဖြစ်အာဏာသိမ်း စစ်တပ်က မနေ့ (နိုဝင်ဘာလ ၂၇)မှာ ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေရာဟာကျားဖြန့်နဲ့ဆက်စပ်ပြီး ထိုင်းရဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ BGF တပ်ရင်းမှုး ဗိုလ်မှုးစောမုတ်သုန် နေရာဖြစ်ပါတယ်။
မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာမှာ BGF အမှတ်(၁၀၂၂)တပ်ရင်းအခြေစိုက်တာပါ။

Public Service Announcement
အမှတ်(၁၀၂၂)တပ်ရင်းဟာ BGF တပ်နယ်(၄)လက်အောက်ခံ တပ်ရင်းထဲက တပ်ရင်းတစ်ရင်းဖြစ်ပြီး ဗိုလ်မှူးစောမုတ်သုန်ဟာ တပ်ရင်းမှုးအဖြစ် တာဝန်ယူသလို တပ်နယ်မှုးအဖြစ်လည်း တာဝန်ယူထားပါတယ်။
ဗိုလ်မှုးစောမုတ်သုန်ကတော့ မနေ့(နို၀င်ဘာ ၂၇)ရက်မှာပဲ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသမှာ ပြုလုပ်ခဲ့တဲ့ DKBA၊ KNA၊ BGF နဲ့ တပ်မှုးတပ်ဗိုလ်ဟောင်းတွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ်နယ်တွေအနက်စောချစ်သူဦးဆောင်တဲ့ BGF တပ်နယ်(၂)၊ တပ်နယ်(၃)တို့ကတော့ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ဒီနှစ် ဇန်နဝါရီလပိုင်းက ပြောင်းလဲဖွဲ့စည်းလိုက်တာပါ။
ကျန်တဲ့ BGF တပ်နယ်(၁)နဲ့ တပ်နယ်(၄)တို့ကတော့ KNA အဖြစ် လိုက်ပါပြောင်းလဲခြင်းမရှိဘဲ စစ်တပ်လက်အောက်ခံအဖြစ် ဆက်ရှိနေတာပါ။
BGF တပ်နယ်(၁)လက်အောက်ခံ အမှတ်(၁၀၁၁)တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှုးကြီးစောစိုးနိုင်ကိုလည်း စစ်တပ်က ဂုဏ်ထူးဆောင်ဗိုလ်မှုးကြီးအဖြစ် နိုဝင်ဘာ ၂၇ ရက်မှာပဲစစ်တပ်က ဂုဏ်ပြုပါတယ်။
အဲဒီ အမှတ်(၁၀၁၁)တပ်ရင်းဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပန်တော်မှီကျေးရွာမှာ အခြေစိုက်တာပါ။

























































