နိုဝင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ အပြင်ဘက်ကို စစ်တပ်က ဒီကနေ့ မနက်အစောမှာ လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာ လူထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
နိုဝင်ဘာ ၂၈ရက် မနက်အစော (နိုဝင်ဘာ ၂၇ရက်ည သန်းခေါင်ကျော်)မှာ တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ မြို့အပြင်ဘက် ဘိန်းဖြတ်စခန်းက ပြည်သူတွေထိတာရှိတယ်။ ၁၀ယောက်ကျော်ထိထားတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူတွေထဲမှာ သေဆုံးသူတွေပါဝင်ကြောင်း သတင်းဖော်ပြမှုရှိပြီး အသေးစိတ်အခြေအနေတွေ မေးမြန်းနိုင်ဖို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုလို KIO ဌာနချုပ်အနီးနေရာကို လေကြောင်း တိုက်ခိုက်လာတာဟာ KIA ပူးပေါင်းတပ်နဲ့ ဖြစ်ပွားနေတဲ့ စစ်မျက်နှာတွေမှာ အထိနာနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအ ရင်ကလည်း KIO/KIA ဌာနချုပ် နယ်မြေ လိုင်ဇာအနီးတဝိုက် အပါအဝင် မြန်မာ-တရုတ်နယ်စပ်တလျှောက် လေကြောင်းကင်းထောက်တာတွေ ပြုလုပ်ခဲ့တာရှိပါတယ်။

























































