မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၆ရက် နေ့လည်ပိုင်းမှာ ကျောင်းသားငယ်တွေအားကစားပြိုင်ပွဲ နဲ့ အကတိုက်တာလုပ်နေချိန်လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ကျောင်းသူကျောင်းသား ၃၀ ကျော်အပါအဝင် ပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲစစ်တပ်ကဗုံးလာကြဲခဲ့တာလို့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေယာဉ်နဲ့ ဒရုန်းတွေ ပျံသန်းခြိမ်းခြောက်တာတွေ လုပ်ခဲ့လို့ ဒေသခံတွေဟာသေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ကောက်ယူပြီးကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးနိုင်ခြင်းမရှိသေးပါဘူး။ အင်းရုံရွာကို ဗုံးကြဲခံရတဲ့အခြေအနေတွေကနု People’s Spring ကဒေသခံတဦး အားဆက်သွယ်မေးမြန်းထားပါတယ်။
နေ့သစ်/People’s Spring
မေး-လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက် နောက်ဆုံးအခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ-အလောင်းတွေ ဘာတွေက တကွဲတပြားဆီ။ ခြံစည်းရိုးဘေးလေးတွေတချို့က ဘုန်း

Public Service Announcement
ကြီးကျောင်း၀ိုင်းအတွင်းမှာ။ အချို့ ချောင်းထဲ သဲခုံထဲမှာတွေ၊ တကွဲတပြားစီလိုက်ရှာနေရတာပေါ့။
မေး-ထုံးတမ်းအစဉ်အလာအရ နာရေးလုပ်တာတွေ မလုပ်နိုင်သေးဘူးပေါ့ ။
ဖြေ- ဘယ်လုပ်ရဲမလဲ။ လူမရှိဘူး။ လူမရှိဘူးဆိုတာက မနေ့က ညနေကလည်း ဂျက်ဖိုက်တာ ချတော့ မချပါဘူး ဝဲသေးတယ်။ တခါတလေကျရင် ဒရုန်းခေါ်မလားမသိဘူးပါဘူး အဲဒါလေးတွေကလည်း လာဝဲတယ်။ သူတို့က ခြောက်တာပေါ့။
မေး-ကလေးတွေကျတော့ရော၊ ရုပ်အလောင်းတွေကျတော့ရော ဘယ်လိုလုပ်တယ်လို့ ကြားရပါသေးလဲ။
ဖြေ-မနေ့ကကျတော့ အမြင်မတော်တဲ့သူတွေက မောင်ဖြူ ၊မောင်မဲရယ်တော့ မသိဘူးအကုန်လုံးကောက်တင်ပြီး တွင်းကြီးတတွင်းထဲမြုပ်ရတယ်။ဘုန်းကြီးလည်းမပါဘူး
(ဘာသာရေးအရ ဘုန်းတော်ကြီးတွေမပါဘဲ မြေမြှုပ်ရတာ )။ ဘုန်းကြီးလည်းမရှိဘူး။ ဘုန်းကြီးကျောင်းဗုံးကျတာဆိုတော့။ ကိုရင်လေးတပါးကလည်း ပျံတော်မူသွားသေးတယ်။ အဲဒီလို။ ရွာက လူမရှိဘူး။ ဘယ်သူမှလည်း မသွားရဲဘူး။
မေး-နောက်ဆုံးအခြေအနေအရ သေဆုံးသူဘယ်လောက်ရှိတယ်လို့ကြားရပါသလဲ။
ဖြေ-လူကြီးတွေရော ကလေးတွေရော အရင်ချတာ(အလောင်းမြေချတာ) တော့မသိဘူး။ မနေ့ကတင် ၁၇ လောင်း။ တခြားချတာလည်းရှိသေးတယ် ဘယ်လောက်လည်းမသိဘူး။ ရှိသေးတယ်ခြေပြတ်လက်ပြတ်တွေတွေ့တယ်ဆိုပဲ။
မေး- ၃၀ဦးကျော်သေတယ်လို့ကနဦးသိရပေမယ့် အရေအတွက် အတိအကျ မသိရသေးတာလား
ဖြေ- ၃၀ဦးကတော့မကဖို့ပဲရှိတယ်။အလောင်းတွေ မကောက်နိုင်ဘူး။အတည်မပြုနိုင်သေးဘူး။ အတည်ပြုနိုင်တယ်ဆိုတာ ရွာသားတွေဆုံမှ။ ရွာသားတွေက ဘေးတွေရှောင်နေကြတော့။ တချို့ကျတော့ မိသားစု သုံးလေးယောက်ရှိတာ တယောက်တလေပဲ ကျန်ခဲ့တယ်။အဲဒါ စိတ်ကြောင်ပြီး ဟိုအော်ဒီအော်နဲ့။ စိတ်တွေက လေလွင့်နေတာ။ တချို့ကျလည်း နားတွေအူ နားတွေလေး။ မနေ့က ၁၇လောင်း။ အရင်ကလည်း တခါချပြီးပြီ အဲဒါက ဘယ်လောက်လဲ မသိဘူး။ ၃၀ ဆိုတာ နည်းနည်းလေး ၊ လေးငါးခြောက်ဆယ်လောက်သေဆုံးမှာ။ နာရေးမလုပ်နိုင်ဘူး ဒီအတိုင်းမြေမြှုပ်ပေးနေရတာ။ မြန်မြန်ချ မြန်မြန်လစ်ပေါ့။ ချပေးတဲ့သူတွေ သူတို့လည်း ကြောက်ရတယ်လေ။
မေး- စာသင်ကျောင်းမှာ ကလေးတွေဆော့နေတဲ့အချိန်ကျတာလား စာသင်တဲ့အချိန်ကျတာလား။
ဖြေ- ကလေးတွေ ဆော့နေတဲ့အချိန်။ ချောတိုင်တက်တာ စကောရွက်တို့ ဘာတို့ ညာတို့ အားကစားလုပ်တာ။ အကတိုက်တာလည်းပါတယ်ပြောတယ်။
မေး-ရွာသူရွာသားတွေအတွက်တော့ တကယ့် ကမ္ဘာပျက်သလိုဖြစ်သွားတာပေါ့။
ဖြေ-ပျက်တာပေါ့ ဘုန်းကြီးကျောင်းက ဆွမ်း
စားကျောင်း အရပ်စင် ၄ ပင် ၅ပင် အဲဒီဟာပေါ် ။ကျောင်းဟောင်းကြီးပေါ်ရော။ စာသင်ကျောင်းလည်း အရှေ့ဘက်ခြမ်း။ တချို့ကလည်း မဝင်ရဲဘူး။ စာသင်ကျောင်းရော ဘုန်းကြီးကျောင်းရော နှစ်ခုလုံးကျတာ။ ဘုန်းကြီးတွေလည်းမနေရဲဘူး။ ကိုရင်လေးတပါးလည်း ပါသွားတယ် သူ့ရှေ့တင်ဖြစ်ပျက်တာဆိုတော့။ ဘုန်းကြီးကျောင်းဝင်းထဲ အလောင်းတွေက တအားပဲ။ ကျွတ်ဖို့လွတ်ဖို့လည်း မလွယ်တော့ဘူး။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကကပ်နေတာ။ တပ်ခရိုး(ခြံစည်းရိုး)က အုတ်တံတိုင်းမလုပ်ဘူးတိုင်လေးတွေစိုက်ထားတာ။ အစပ်က အရိပ်ကောင်းတာကိုး။ အရိပ်ကောင်းတော့ ကြည့်တဲ့သူက အရိပ်ထဲက ကြည့်ပေါ့။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက ခြံစည်းရိုးပဲခြားတာ။


























































