နိုဝင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်ဝင်ပေါက်မကွေးတိုင်း၊ ငဖဲမြို့နယ်နတ်ရေကန်စစ်မျက်နှာပဇီရွာဝန်းကျင်တိုက်ပွဲအတွင်းစစ်တပ်အလောင်း တဆယ်ကျော်နဲ့ စစ်သုံ့ပန်းတွေဖမ်းဆီးရထားတယ်လို့ အာရက္ခတပ်တော်(AA)နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ကနေစပြီး ပဒါန်းကနေ အင်အားအများအပြားနဲ့ ပဇီကျေးရွာဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ AA က တိုက်ပွဲရက်ဆက်ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ၂၇ ရက်နဲ့ဒီနေ့ (နိုဝင်ဘာ ၂၈)မနက်တိုက်ပွဲတို့မှာအလောင်းနဲ့ သုံ့ပန်းတွေဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
“အစပိုင်းမှာကတော့ဒရုန်းနဲ့ချလို့ သေတာတွေရှိတယ်။အလောင်းတွေမရဘူး။ မနေ့ကနဲ့ ဒီနေ့တိုက်ပွဲမှာမှ အလောင်း ရတာ။ ပစတွေတချို့ ဖမ်းမိတာရှိတယ်။ ဒီမနက်တောင် ပစနှစ်ယောက် ဖမ်းရတယ်” လို့ AA သတင်းရင်း မြစ်က ပြောပါတယ်။

Public Service Announcement
တိုက်ပွဲမှာအထိနာနေတဲ့စစ်တပ်ဟာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ နတ်ရေကန်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့တပတ်
ခန့်ကလည်းနတ်ရေကန်စစ်မျက်နှာဂုတ်ကြီးရွာဝန်းကျင်မှာ AA ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကြောင်းလိုက် အထိနာပြီးပြန်ဆုတ်ခဲ့ရပါသေးတယ်။
အဲဒီလို ဂုတ်ကြီးဘက်လမ်းကြောင်းအထိနာတာကြောင့် ပဇီဘက်ကနေ နတ်ရေကန်ပင်မဗျူဟာကုန်းဆီ စစ်ကူပို့ နိုင်ဖို့ လမ်းကြောင်းထိုးဖောက်ဖို့ ထပ်မံကြိုးစားရာ ပဇီတိုက်ပွဲမှာလည်း ထပ်မံအထိနာနေတာဖြစ်ပါတယ်။
နတ်ရေကန်တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးသူတွေရှိသလို ထွက်ပြေးလာပြီး AA ထံ လက်နက်ချအညံ့ခံ လာကြသူတွေဟာလည်း ဆယ်ချီရှိသွားခဲ့ပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
“အလင်းဝင်တာ ပစတွေများတယ်။ ရှေ့တန်းမှာလည်း လူတရာမှာ ခုနစ်ဆယ်လောက်က ပစတွေ။ ကိုယ့်ဘက်က ဖမ်းထားတာလည်း အများကြီး။ ဒီကောင်တွေက ဆေးတွေကြောင်ပြီးတော့ စကားတောင် လုံးစေ့ပတ် စေ့မပြော တတ်ကြတော့ဘူး။ အဲဒါကြောင့် အင်တာဗျူးတွေတောင်တင်ဖို့မရဖြစ်နေတယ်”လို့ AA သတင်းရင်း မြစ်တဦးကလည်း ပြောပါတယ်။
နတ်ရေကန်ပင်မဗျူဟာကုန်းဝန်းကျင်ရှိ ကာကင်းစခန်းတွေနဲ့ ဂုတ်ကြီး၊ ပဇီ၊ လိုင်ရွာဝန်းကျင်တို့ရှိ ကာကင်းစခန်း တွေကို လက်လွှတ်ထားရပြီး နတ်ရေကန်ဗျူဟာကုန်းနဲ့ ကုန်းကြောင်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ စစ်တပ် ဟာ အင်အားအများအပြားနဲ့ စစ်ကူပို့၊ လမ်းကြောင်းထိုးဖောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဒါပေမယ့် ဂုတ်ကြီး၊ပဇီကျေးရွာတွေဝန်းကျင်မှာပဲ တန့်နေပြီး ရှေ့မရောက်နိုင်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိကကာ ကင်းစခန်းကြီး တာဝါတိုင်ကုန်းအပါအဝင် အမ်း – နတ်ရေကန်ဗျူဟာကြားရှိ စစ်တပ်စခန်းတွေအားလုံးနဲ့ နတ်ရေကန် – ပဒါန်းကြားရှိ စခန်းအချို့တို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခု နှစ်လယ်လောက်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း AA ဟာ ရှေ့ထိုးပြီး တပ်စခန်းတွေသိမ်းပိုက်တာမရှိဘဲစစ်တပ်ရဲ့ စစ်ကြောင်းတွေကိုပဲ ခံစစ်အသွင်နဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ရခိုင်ရိုးမအနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို လက်လွှတ်ထားရတဲ့ စစ်တပ်ဟာ နတ် ရေကန်ဗျူဟာကုန်းရဲ့ အဓိကထောက်ပို့နေရာ ပဒါန်းကို အင်အားထောင်ကျော်ဖြည့်ထားပြီး လက်လွှတ်ထားရတဲ့ နေရာတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေပေမယ့် ရှေ့မတိုးနိုင်ဖြစ်နေတာဖြစ်ပါတယ်။
အဲဒီစစ်ကူတွေကို ပဒါန်းတပ်နယ်မှာ စုဖွဲ့ထားပြီး ပဒါန်းမြို့အနီးရှိ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(မစခ ၉၀၅)ကနေလည်း လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပေးနေတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ နတ်နေရကန်တိုက်ပွဲအတွင်း မြေပြင်တိုက်ပွဲမှာအထိနာနေသလို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ က ပါရာမိုတာတစီးလည်း ပစ်ခတ်၊ ဖျက်ဆီးခံခဲ့ရပါတယ်။
နတ်ရေကန်စစ်မျက်နှာအပြင် ရခိုင်ပြည်နယ်ဝင်ပေါက် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးစစ်မျက်နှာ၊ ဧရာ၀တီတိုင်း ရွှေသောင်ယံ၊ သာပေါင်း၊ ရေကြည်စစ်မျက်နှာ၊ ချင်းပြည်နယ် ကျင်ဒွေးစစ်မျက်နှာတို့မှာလည်း နှစ် ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဒ့ါအပြင်ရခိုင်ပြည်တွင်းရှိ စစ်တွေနဲ့ ကျောကဖြူမြို့နယ်တို့မှာလည်းတိုက်ပွဲတွေ ရက်ဆက်
ရှိနေပြီး တိုက်ပွဲနှစ်လကျော်အတွင်း စစ်တပ်ဘက်က တပ်စခန်းတဆယ်ကျော် လက်လွှတ်ထားရကာဖျက်သင်္ဘောတစီးအပါအဝင် စစ်သင်္ဘော ၅ စီးထက်မနည်း တိုက်ခိုက်၊ ဖျက်ဆီးခံခဲ့ရပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။


























































