နိုဝင်ဘာ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်းဝ ကသာခရိုင် ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၇ဦးသေဆုံးကာ လက်နက် ၇လက် သိမ်းရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက နိုဝင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။
ကသာခရိုင် အမှတ်(၁) တပ်ရင်း ကာကင်းယူထားတဲ့ ညောင်ခြေထောက်ရွာအနီးကို စစ်တပ်ရဲ့ ခမရ(၃၀၉) တပ်နဲ့ တပ်မ(၃၃) လက်အောက်ခံ ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်က ထိုးစစ်ဆင်လာလို့ ခုခံတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုထုတ်ပြန်တဲ့ တိုက်ပွဲဟာ မေလ ၈ရက်က ဖြစ်ပွားခဲ့တာလို့ အသိပေးထားပြီး တိုက်ပွဲဟာနေ့လည်ပိုင်းကနေ ညအထိ ၆နာရီခွဲလောက်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
တိုက်ပွဲအတွင်း စစ်တပ်ဘက်က အလောင်းတွေ နဲ့ လက်နက် ၇လက် သိမ်းရခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံဖော်ပြ အသိပေးပါတယ်။
အမှတ်(၁) စစ်ဒေသဟာ နိုဝင်ဘာ ၂၆ရက်နဲ့ ၂၇ရက်ကလည်း မန္တလေး-ဗန်းမော်လမ်းမပေါ်က အာဏာသိမ်းစစ်တပ် တပ်စွဲရာနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၇ဦးထက်မနည်း သေဆုံးခဲ့သလို လက်နက် ၉လက်နဲ့ ခဲယမ်း၊ ကျည်တွေ သိမ်းရခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


























































