Connect with us

Hi, what are you looking for?

LuduNwayOo

News

တန့်ဆည်-ကံထူးမလမ်းပိုင်းအား သွားလာခြင်းမပြုကြရန် တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ် ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီး တန့်ဆည်-ကံထူးမလမ်းမကြီး၏ လမ်းခရီးတစ်ဝက်ရှိ သပြေရင်းကျေး ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

ယခုရက်ပိုင်းအတွင်း တန့်ဆည်-ကံထူးမလမ်းပိုင်းအား အသွားအလာမပြုလုပ်ကြရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(တန့်ဆည်)က သတိပေးချက် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီး တန့်ဆည်-ကံထူးမလမ်းမကြီး၏ လမ်းခရီးတစ်ဝက်ရှိ သပြေရင်းကျေး ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ခွေးများမှ တွေ့ရှိပါက လူသားဒိုင်းကာအဖြစ် အသုံးပြုကာ မတရားဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ် နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့်ထို တန့်ဆည်-ကံထူးမလမ်းပိုင်းအား ယခုရက်အတွင်း လုံးဝအသွားအလာ မပြုလုပ်ကြပါရန်လေးစားစွာ ပန်ကြားအပ်ပါသည်”ဟု တန့်ဆည်(ပကဖ)က ဆိုသည်။

အဆိုပါလမ်းပိုင်း ပြန်လည်အသုံးပြုနိုင်မည့်ရက်အား ထပ်မံအသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်း တန့်ဆည်(ပကဖ)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။