Connect with us

Hi, what are you looking for?

News

တန့်ဆည်-ကံထူးမလမ်းပိုင်းအား သွားလာခြင်းမပြုကြရန် တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ် ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီး တန့်ဆည်-ကံထူးမလမ်းမကြီး၏ လမ်းခရီးတစ်ဝက်ရှိ သပြေရင်းကျေး ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

ယခုရက်ပိုင်းအတွင်း တန့်ဆည်-ကံထူးမလမ်းပိုင်းအား အသွားအလာမပြုလုပ်ကြရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(တန့်ဆည်)က သတိပေးချက် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီး တန့်ဆည်-ကံထူးမလမ်းမကြီး၏ လမ်းခရီးတစ်ဝက်ရှိ သပြေရင်းကျေး ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ခွေးများမှ တွေ့ရှိပါက လူသားဒိုင်းကာအဖြစ် အသုံးပြုကာ မတရားဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ် နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့်ထို တန့်ဆည်-ကံထူးမလမ်းပိုင်းအား ယခုရက်အတွင်း လုံးဝအသွားအလာ မပြုလုပ်ကြပါရန်လေးစားစွာ ပန်ကြားအပ်ပါသည်”ဟု တန့်ဆည်(ပကဖ)က ဆိုသည်။

အဆိုပါလမ်းပိုင်း ပြန်လည်အသုံးပြုနိုင်မည့်ရက်အား ထပ်မံအသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်း တန့်ဆည်(ပကဖ)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။