Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်တို့ကမ်းလှမ်းသည့် တွေ့ဆုံဆွေးနွေးရေး NCA လမ်းကြောင်းကိုပယ်ချရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ယာယီသမ္မတပန်ကြား

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့ပြီး သွေးစွန်းသော စစ်ကောင်စီ၏ ဉာဏ်နီဉာဏ်နက်ကို မယုံကြရန် တိုက်တွန်းခဲ့သည်။

■သွေးစွန်းသော စစ်ကောင်စီ၏ဉာဏ်နီဉာဏ်နက်ကို မယုံကြရန်တိုက်တွန်း

မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီက ကမ်းလှမ်းသည့် တွေ့ဆုံဆွေးနွေးရေး NCA လမ်းကြောင်းကို ပယ်ချရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ပန်ကြားလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့ပြီး သွေးစွန်းသော စစ်ကောင်စီ၏ ဉာဏ်နီဉာဏ်နက်ကို မယုံကြရန် တိုက်တွန်းခဲ့သည်။

ယခုအချိန်တွင် အာဏာသိမ်း မင်းအောင်လှိုင်နှင့် စစ်အုပ်စုတို့က တွေ့ဆုံဆွေးနွေးရေးကို ပြောကြားလာသည်ကို တွေ့ရကြောင်း၊ ရိုင်းစိုင်းပြီး တိုင်းပြည်တစ်ခုလုံး ကုန်းကောက်စရာမရှိအောင် ဖျက်ဆီးနေသည့် အာဏာသိမ်း မင်းအောင်
လှိုင်နှင့် စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့ရန် အင်မတန် ခက်ခဲမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံ
၏ပကတိအခြေအနေကို လေ့လာပြီး လူသားချင်းစာနာထောက်ထားသည့် အနေဖြင့် မြန်မာနိုင်ငံကို ကူညီပံ့ပိုးပေးကြရန်လည်း ယာယီသမ္မတက တိုက်တွန်းတောင်းဆိုခဲ့သည်။

ပြည်သူလူထု၏ လိုအင်ဆန္ဒကို ဖော်ဆောင်နိုင်ပေးနိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပြီး၊ မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဝိုင်းဝန်းဖယ်ကြဉ်ကြရန်လည်း ယာယီသမ္မတက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကကာကွယ်ရေး
ဝန်ကြီး ဦးရည်မွန် ပြောကြားထားသကဲ့သို့ လက်ရှိတွင် အဓိက လိုအပ် ၄ရပ်ဖြစ်သည့် ရံပုံငွေ၊ လက်နက်၊ မဟာမိတ်စုဖွဲ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဗျူဟာပိုင်း စသည့် ကဏ္ဍ(၄)ခုလုံးကို ပိုမိုဖြည့်ဆည်းလာနိုင်ပြီဖြစ်၍ ပြည်သူများအတွက် အောင်ပွဲသည် မဝေးတော့ကြောင်း ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်
နေသည့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အားတက်သရော ပိုမိုပူးပေါင်း ကူညီလာကြ၍ တော်လှန်ရေးအောင်မြင်မှုအတွက် အားရစရာ ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ကြားကာလဒေသန္တရ အုပ်ချုပ်ရေးကဏ္ဍအတွက် များစွာ အရေးကြီးသည့် တရားစီရင်ရေးမဏ္ဍိုင် ထားရှိရေး ကိစ္စကို ဆွေးနွေးခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှစ၍အမျိုးသားညီညွတ်ရေး
အစိုးရ အနေဖြင့် အစိုးရ တစ်ရပ်၏လုပ်ငန်းဆောင်တာများ
ကို စနစ်ကျ ပီပြင်စွာ လုပ်ကိုင်နိုင်ရေးစီမံသွားမည်ဖြစ်ကြောင်း၊ယခုနှစ်အတွင်း စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ မဟာဗျူဟာများကို အားစိုက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတကာဘက်ကိုလည်း မျက်ခြေပြတ်၍ မရကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။
ယခုအခု အာဏာသိမ်းစစ်ကောင်စီသည်၎င်းတို့အား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ၏ ခုခံ​တော်လှန်စစ်ကိုနိုင်ငံတစ်ဝန်းလုံးနီးပါး ရင်ဆိုင်​နေရပြီး စစ်​ကောင်စီတပ်​နေစဥ်​သေဆုံးမှုများစွာဖြင့်အထိ့နာ​နေသည်။ တစ်ဖက်တွင်လည်း ပြည်သူရင်ခွင်ခိုလှုံသွား​သောတပ်မ​တော်သားနှင့်ရဲများ ပိုများလာပြီး ၊စစ်​ကောင်စီတပ်မှာ ပြည်သူများ၏ရွံမုန်းမှု​ကြောင့် တပ်သားသစ်စု​ဆောင်းရန်ခက်ခဲလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook