Connect with us

Hi, what are you looking for?

News

အရှေ့ဒဂုံက လူငယ်များရဲ့ပျောက်ကြားသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဆန္ဒပြသူများကို ဖမ်းဆီးမှုများရှိနေသော်လည်း ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် အမှတ်(၂ )စျေးအနီးတွင် ယနေ့ (ဇွန်လ ၂၆ ရက်) နံနက်ပိုင်းတွင် လူငယ်များစု​ဝေး၍ စစ်အာဏာရှင် ဖြုတ်ချရေး ပျောက်ကြားသပိတ် ချီတက် ဆန္ဒပြကြခဲ့သည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ် ၁၀၀ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၆ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook