အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဆန္ဒပြသူများကို ဖမ်းဆီးမှုများရှိနေသော်လည်း ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် အမှတ်(၂ )စျေးအနီးတွင် ယနေ့ (ဇွန်လ ၂၆ ရက်) နံနက်ပိုင်းတွင် လူငယ်များစုဝေး၍ စစ်အာဏာရှင် ဖြုတ်ချရေး ပျောက်ကြားသပိတ် ချီတက် ဆန္ဒပြကြခဲ့သည်။
ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ် ၁၀၀ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၆ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။