Connect with us

Hi, what are you looking for?

News

စစ်ဘေးရှောင်တွေအတွက် အကူညီတွေ​ပေးခွင့်ပြုဖို့ ထိုင်းဘက်ကို ကရင်လူ့အခွင့်​ရေးအဖွဲ့​တောင်းဆို

လေးကေကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ၂၀၀၀ ကျော်နဲ့ မြန်မာပြည်ဘက်ခြမ်းက နယ်စပ်သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ ၁၀၀၀၀ ကျော်ရှိနေတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေးကေကော်တိုက်ပွဲ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အချိန်နဲ့တပြေးညီရရှိနိုင်ဖို့ နယ်စပ်ဖြတ်ကျော်ရေး အကူအညီတွေကို ထိုင်းအာဏာပိုင်တွေက တရားဝင်ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်လိုက်ပါတယ်။

လေးကေကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ၂၀၀၀ ကျော်နဲ့ မြန်မာပြည်ဘက်ခြမ်းက နယ်စပ်သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ ၁၀၀၀၀ ကျော်ရှိနေတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်ဘက်ခြမ်း နယ်စပ်သောင်ရင်းမြစ်ပေါ်မှာ နေထိုင်နေရတဲ့ စစ်ရှောင်တွေအတွက် အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေက ထိုင်းကနေတစ်ဆင့် မြန်မာဘက်ခြမ်းကို ကူညီပို့ဆောင်ပေးနေရပြီး ဒီကနေ့မနက်ပိုင်းက ထိုင်းအာဏာပိုင်​တွေက ကန့်သတ်ပိတ်ပင်ခဲ့တယ်လို့ KHRG ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောနန္ဒဆူးက ပြောပါတယ်။

“ဒီမနက်က ကျနော်တို့အဖွဲ့ပေ့ါနော်။ ပြည်တွင်းဘက်ခြမ်းကို ပို့မလို့က ပို့ခွင့်မပြုတော့ပြန်ဘူး။ အဲ့ဒါကြောင့် ဒီလိုမျိုးတောင်းဆိုရခြင်းဖြစ်တာပေါ့။ သူတို့(စစ်ရှောင်) တွေအတွက်လိုအပ်တယ်။ လိုအပ်တဲ့အတွက်ကြောင့် ကျနော်တို့ဒီဘက်ခြမ်းကနေ သူတို့ဆီကို ပို့ဖို့သွားတာပေ့ါလေ။ ပို့ခွင့်မပြုတော့တာ” လို့ KHRG ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောနန္ဒဆူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး အကြောက်တရားတွေနဲ့ နေထိုင်ခဲ့ရကာ ဒီလိုလုံခြုံမှုမရှိသေးတဲ့အပေါ်မှာ စစ်ရှောင်တွေအနေနဲ့ နေရပ်မပြန်ကြဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

“အခုကျတော့ သိတဲ့အတိုင်းပဲ ချမ်းနေသေးတာပေါ့နော်။ ဆောင်းရာသီလည်းရှိတဲ့အပေါ်မှာ နွေးနွေးထွေးထွေးနဲ့ နေနိုင်ဖို့လည်း အခြေအနေမှာမရှိဘူးပေါ့လေ။ တာလပတ်လေးနဲ့အခင်းနဲ့နေရတာဆိုတော့။ အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက်ပေါ့။ နေရာထိုင်ခင်းအခက်အခဲရယ် စားရေးသောက်ရေးအခက်အခဲရယ်။ ဖြစ်နိုင်တယ်ဆိုလို့ရှိရင် လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီလည်း သူတို့မှာ အချိန်မှီတော့ရနိုင်ဖို့တော့အရေးကြီးတယ်ဗျ” လို့ စောနန္ဒဆူးက ဆိုပါတယ်။

ဒီလ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ လေးကေကော်နဲ့ အနီးအနားဒေသတွေမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်လျက်ရှိနေပြီး ဇန်နဝါရီ ၃ ရက်နေ့က စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါသေးတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖျက်ဆီးတာတွေပြုလုပ်တဲ့အပြင် ကားဆိုင်ကယ်နဲ့ အခြားပစ္စည်းတွေကိုလည်း ခိုးယူသွားခဲ့တယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။