Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မှု မြင့်တက်

အကြမ်းဖက်ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကူအညီလိုအပ်သောသူများကို ကူညီခွင့် စဉ်ဆက်မပြတ်ရရှိ‌ရေးသည် WFP ၏ အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာတွင်အကူအညီပေးရေး ဒိန်းမိတ်က WFP ကို ကန်ဒေါ်လာ ၄ သန်းခန့်ကူညီထောက်ပံ့

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လွန်စွာလိုအပ်နေပြီး ဒိန်းမတ်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကို အမေရိကန် ဒေါ်လာ ၄ သန်းခန့် ကူညီထောက်ပံ့ကြောင်း ကုလသမဂ္ဂမြန်မာရုံးက သတင်းထုတ်ပြန်သည်။

ဒိန်းမတ်၏ ပံ့ပိုးကူညီမှုသည် ကချင်၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝန်း ပဋိပက္ခဒဏ်ထိခိုက်ခံစားကြရသော နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေ ၃၆၀,၀၀၀ ခန့်နှင့် အခြားထိခိုက်လွယ်သော မိသားစုဝင်များကို လစဉ် အသက်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲ Anders Graugaard က ပြောသည်။

Public Service Announcement

Public Service Announcement

ဒိန်းမတ်သည် ခရိုနာ ၂၅ သန်း(အမေရိကန်ဒေါ်လာ ၃.၈ သန်း)ကို WFP ကိုပံ့ပိုးကူညီခဲ့ပြီး ၂၀၂၂ အတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆန်၊ ပဲ၊ ဆီနှင့် ဆား စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ သို့မဟုတ် အဆိုပါ အခြေခံစားသောက်ကုန်များကို ဝယ်ယူနိုင်မည့် ငွေသားအထောက်အပံ့ရရှိမည်ဟု ဆိုသည်။

“အလိုအပ်ဆုံးသောလူတွေဆီကို အခုလို လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ရောက်ရှိအောင် ကျွန်တော်တို့ WFPအနေနဲ့ ရပ်ရွာလူမှုအသိုက်အဝန်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေအပြင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Stephen Anderson က ပြောသည်။

WFP သည် နယ်စပ်ဒေသများရှိ ထိခိုက်လွယ်သူများကို ပုံမှန်အထောက်အပံ့များဆက်လက်ပေးအပ်နေပြီး သွား‌ရောက်ရန်ခက်ခဲသောနေရာများဖြစ်သည့် ချင်းပြည်နယ် မင်းတပ်မြို့နှင့် မကွေးတိုင်း ကျောက်ထုမြို့နယ်တို့ရှိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့သူများကို ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂမြန်မာရုံးက ထုတ်ပြန်သည်။

အကြမ်းဖက်ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကူအညီလိုအပ်သောသူများကို ကူညီခွင့် စဉ်ဆက်မပြတ်ရရှိ‌ရေးသည် WFP ၏ အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။

သတင်း

ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

သတင်း

မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့(ဩဂုတ် ၂၀ ရက်)မှာ ထုတ်ပြန်လိုက်ပါတယ်။