Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ်ရှိ အမှတ်(၁၀)တပ်တွင်းသို့ လက်နက်ကြီး ​လေးလုံးဖြင့်တိုက်ခံရ

“ထိုတပ်ထဲတွင် အရာရှိဟောင်းများ, ပျူစောထီးများ ရဲနှင့်စစ်သားမယားများအား သင်းတန်းပေးလျှက်ရှိကြောင်းသိရသဖြင့် ယခုလို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်”ဟု သပြေညိုပျောက်ကျားတပ်ဖွဲ့က ပြော သည်။

(သ​ပြေညို​​ပြောက်ကြားတပ်သားများကို ​တွေ့ရစဥ်)

အရောတော်မြို့နယ်ရှိ အမှတ်(၁၀)အ​ခြေခံ စစ်လေ့ကျင့်ရေးတပ်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အရာတော်အခြေစိုက် သ​ပြေညို​ပြောက်ကြားတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၂)ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခန့်တွင် စခတ(၁၀)လေ့ကျင့်ရေးတပ်အတွင်းသို့ အဝေးပစ်လက်နက်ကြီး ​လေးလုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ထိုတပ်ထဲတွင် အရာရှိဟောင်းများ, ပျူစောထီးများ ရဲနှင့်စစ်သားမယားများအား သင်းတန်းပေးလျှက်ရှိကြောင်းသိရသဖြင့် ယခုလို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်”ဟု သပြေညိုပျောက်ကျားတပ်ဖွဲ့က ပြော သည်။

ဒေသကာကွယ်ရေးတပ်များ ရောက်ရှိချိန်တွင် စစ်ကောင်စီတပ်များက အသံချဲ့စက်ဖြင့် ပဋ္ဌာန်းတရားများဖွင့်ကာ အကြောက်ကြီးနေကြသဖြင့် တရားဆုံး‌သည်ထိ‌ စောင့်ဆိုင်းပြီးမသာ ပစ်ခတ်ခဲ့ရကြောင်း သပြေညိုတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ အော်ဟစ်ဆူညံသံများကြားရပြီးနောက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ပေ။

အထက်ပါ စစ်ဆင်ရေးကို သပြေညို ပြောက်ကြားတပ်ဖွဲ့၊ Ayadaw BoneNaing-PDF(A.B.N.PDF)တို့မှ ဦးဆောင်၍ Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။