Connect with us

Hi, what are you looking for?

News

ကမ္ဘောဒီးယားမှာလုပ်မယ့်အာဆီယံဝန်ကြီးများတွေ့ဆုံပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလူကိုယ်တိုင်တက်မယ်လို့ဆိုတွေ့ဆုံပွဲတက်ဖို့ကမ္ဘောဒီးယားက စစ်ကောင်စီကိုဖိတ်ကြားထား

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အာဆီယံ ဆက်စပ်အစည်းအဝေးကိုတွေကို တက်ရောက်ခွင့်မရခဲ့တာပါ။

လာမယ့်ရက်သတ္တပတ်မှာ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင်တက်ရောက်မယ်လို့ Thai PBS သတင်းဌာနက ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊အနောက်မြောက်ပိုင်းမှာရှိတဲ့ အပန်းဖြေမြို့ ဆီယမ်ရိ မှာ အာဆီယံဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကျင်းပမှာပါ။

ဒီဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတက်ဖို့အတွက် အာဆီယံကိုယ်စားလှယ်ဖြစ်လာသူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားလွှာပို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အာဆီယံ ဆက်စပ်အစည်းအဝေးကိုတွေကို တက်ရောက်ခွင့်မရခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ကိုလာရောက်ပြီးတဲ့နောက် အခုလို တက်ရောက်ခွင့်ရလာတာလည်းဖြစ်ပါတယ်။

ဟွန်ဆန် အာဆီယံဥက္ကဋ္ဌ မဖြစ်ခင်ကတော့ အာဆီယံနိုင်ငံတွေဟာ စစ်ကောင်စီခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတက်ခွင့်မပြုဘဲ နိုင်ငံရေးအရကိုယ်စားမပြုသူအဆင့်ကိုတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Facebook