Connect with us

Hi, what are you looking for?

News

ရ​နောင်းမှာ မြန်မာလုပ်သား​တွေပါတဲ့ စက်​လှေတစ်စီးဖမ်းမိ

ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရေတပ်က ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးပို့ခဲ့ပြီး ဥပဒေအတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထိုင်းရေတပ်ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမှာ ရေကြောင်းကနေတစ်ဆင့် တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား (၁၇) ဦးကို မနေ့ညက ထိုင်းရေတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မနေ့ည ၉ နာရီခွဲအချိန်က မြန်မာနိုင်ငံ ကော့သောင်းနဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ ပင်လယ်ပြင်ကြားမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို ထိုင်းရေတပ်က စစ်ဆေးပြီး အဲ့ဒီစက်လှေထဲမှာ ကလေးတစ်ဦးအပါအဝင် မြန်မာလုပ်သား ၁၇ ဦးကို ဖမ်းဆီးရမိရခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရေတပ်က ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးပို့ခဲ့ပြီး ဥပဒေအတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထိုင်းရေတပ်ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)