Connect with us

Hi, what are you looking for?

News

ကော့ကရိတ်တွင် KNUနှင့် စစ်ကောင်စီတပ် ယနေ့တိုက်ပွဲဆက်ဖြစ်၊ မြ၀တီ သင်္ဃန်းညီနောင်ရဲစခန်းလည်း ပစ်ခတ်ခံရ

“ကျွန်တော်တို့ဘက်မှာ ဒီမနက် ၆နာရီခွဲ့ နေစပစ်နေပြီ။ ကျိုက်ဒုံလမ်းနဲ့ အနီးအနားတ၀ိုက်မှာပဲ။ အဲဒီမှာ အသံကြားတယ်။ ခုနက အလုံးကြီး(လက်နက်ကြီး)တွေလည်း ထပ်ထုတယ်”ဟု ဒေသခံက ပြောသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေသို့ စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလာ၍ ကော့ကရိတ် အာရှလမ်းမအနီးဝန်းကျင်တွင် ဇန်နဝါရီ ၁၄ရက်မှစ၍ ယနေ့အထိ တိုက်ပွဲဖြစ်ပွား​နေသည်။

“ကျွန်တော်တို့ဘက်မှာ ဒီမနက် ၆နာရီခွဲ့ နေစပစ်နေပြီ။ ကျိုက်ဒုံလမ်းနဲ့ အနီးအနားတ၀ိုက်မှာပဲ။ အဲဒီမှာ အသံကြားတယ်။ ခုနက အလုံးကြီး(လက်နက်ကြီး)တွေလည်း ထပ်ထုတယ်”ဟု ဒေသခံက ပြောသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က စစ်ရဟတ် ယာဉ်ပစ်ကူဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက် မှုမကြားရဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဇန်နဝါရီ၁၅ရက် ညပိုင်းက မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ရဲစခန်း ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံက ဆိုသည်။

“အတိုက်ခံရတာတော့ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

ကရင်သတင်းဌာန(KIC)၏ ဖော်ပြချက်တွင် ယမန်နေ့ည ၈နာရီခန့်က သင်္ဃန်းညီနောင် ရဲစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုမှလာရောက်တိုက်ခိုက်၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။