Connect with us

Hi, what are you looking for?

News

အင်းစိန်အကျဥ်းထောင်ဝါတာလိုင်းခန်းအနီး ဖောက်ခွဲမှုပြုလုပ်ခဲ့ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ပြော

အကြမ်းဖက်စစ်ကောင်စီအလိုကျ နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှင်းပမ်းနေသော ထောင်ဝန်ထမ်းများအား ပထမဦးဆုံးအကြိမ် သတိပေးခြင်းဟု အသိပေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ဘုရင့်နောင့်လမ်းမကြီးဘေးရှိ အင်းစိန်းအကျဥ်းထောင်ဝါတာ လိုင်းခန်း အနီးတွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၆ ရက်)ည ၇နာရီ ၄၆ မိနစ်အချိန်တွင် အဆိုပါ Mission ကိုဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအလိုကျ နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှင်းပမ်းနေသော ထောင်ဝန်ထမ်းများအား ပထမဦးဆုံးအကြိမ် သတိပေးခြင်းဟု အသိပေးသည်။

နောက်အကြိမ်တွင် ယခုထက်ထိရောက်သောစစ်ဆင်ရေးတွေပြုလုပ်သွားမည်ဖြစ်ပြီး မိမိတို့အသိစိတ်ဓာတ်ဖြင့် စစ်ကောင်စီကို တော်လှန်ကြရန်နှင့် ပြည်သူနှင့်အတူ အမြန်ဆုံး ပူးပေါင်းပါဝင် လက်တွဲကြရန်လည်း တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ယခုစစ်ဆင်ရေးသည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ “ပျံလွှားအောင်” စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ထို့အပြင် ယခုညပိုင်းတွင် သန်လျင်နှင့် တောင်ဥက္ကလာပမြို့နယ်များတွင်လည်း ပေါက်ကွဲမှု အသီးသီး ဖြစ်ပွားခဲ့သည်။

“တောင်ဥက္ကလာပက လျှပ်စစ်ရုံးကို ဦးတည်ပြီးခွဲတာ။စခ သုံးယောက် ဒဏ်ရာရလို့ အနီးနားက ရပ်ကွက်တွေကို လိုက်ဆဲနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၈ ရက်မှ ၁၆ရက် နံနက်ပိုင်းအထိ မြို့နယ်ငါးခုတွင် ပျံလွှားအောင် စစ်ဆင်ရေးအဖြစ် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ၎င်း၏ ထောက်တိုင်များကို တိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

သတင်း

မန္တလေးမြို့မှာအာဏာသိမ်းစစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ခံရဲတပ်ဖွဲ့ရဲ့မိသားစုဝင်တွေဟာဝန်ထမ်းလိုင်းခန်းတွေကို စွန့်

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမှုနောက်ပိုင်း လူငယ်လူရွယ် နိုင်ငံရေး အကျဉ်းသား ၇၄ ဦးထက်မနည်းဟာ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအတွင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။