Connect with us

Hi, what are you looking for?

News

အင်းစိန်အကျဥ်းထောင်ဝါတာလိုင်းခန်းအနီး ဖောက်ခွဲမှုပြုလုပ်ခဲ့ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ပြော

အကြမ်းဖက်စစ်ကောင်စီအလိုကျ နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှင်းပမ်းနေသော ထောင်ဝန်ထမ်းများအား ပထမဦးဆုံးအကြိမ် သတိပေးခြင်းဟု အသိပေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ဘုရင့်နောင့်လမ်းမကြီးဘေးရှိ အင်းစိန်းအကျဥ်းထောင်ဝါတာ လိုင်းခန်း အနီးတွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၆ ရက်)ည ၇နာရီ ၄၆ မိနစ်အချိန်တွင် အဆိုပါ Mission ကိုဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအလိုကျ နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှင်းပမ်းနေသော ထောင်ဝန်ထမ်းများအား ပထမဦးဆုံးအကြိမ် သတိပေးခြင်းဟု အသိပေးသည်။

နောက်အကြိမ်တွင် ယခုထက်ထိရောက်သောစစ်ဆင်ရေးတွေပြုလုပ်သွားမည်ဖြစ်ပြီး မိမိတို့အသိစိတ်ဓာတ်ဖြင့် စစ်ကောင်စီကို တော်လှန်ကြရန်နှင့် ပြည်သူနှင့်အတူ အမြန်ဆုံး ပူးပေါင်းပါဝင် လက်တွဲကြရန်လည်း တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ယခုစစ်ဆင်ရေးသည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ “ပျံလွှားအောင်” စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ထို့အပြင် ယခုညပိုင်းတွင် သန်လျင်နှင့် တောင်ဥက္ကလာပမြို့နယ်များတွင်လည်း ပေါက်ကွဲမှု အသီးသီး ဖြစ်ပွားခဲ့သည်။

“တောင်ဥက္ကလာပက လျှပ်စစ်ရုံးကို ဦးတည်ပြီးခွဲတာ။စခ သုံးယောက် ဒဏ်ရာရလို့ အနီးနားက ရပ်ကွက်တွေကို လိုက်ဆဲနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၈ ရက်မှ ၁၆ရက် နံနက်ပိုင်းအထိ မြို့နယ်ငါးခုတွင် ပျံလွှားအောင် စစ်ဆင်ရေးအဖြစ် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ၎င်း၏ ထောက်တိုင်များကို တိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Blood Lineအဖွဲ့တာဝန်ခံ ရဲဘော်Ko Hmanက ပြောသည်။

သတင်း

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ "ILO A 33 MYANMAR 2025"အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။