Connect with us

Hi, what are you looking for?

News

ဘုတလင်မြို့မှ စစ်​ကောင်စီတပ်စွဲ​ထား​သော ​ထွေအုပ်ရုံးကို​ ပြည်သူ့ကာကွယ်​ရေးတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

ထွေအုပ်ရုံးအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေ့ရက်နှင့်အချိန်အား ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ (နာရွဲ့ဆွမ်)ထံ People’s Springကဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

စစ်ကိုင်းတိုင်း ဘုတလင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော ထွေအုပ်ရုံးအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာက ယ​နေ့ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီ ၁၅ရက် နေ့လယ်ပိုင်းက ပြည်သူလူထုလိုက်ပါလာသောခရီးသည်ကားကို လက်ပစ်ဗုံးဖြင့်အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ပြည်သူနှစ်ဦးသေဆုံးကာ ၁၀ဦးဒဏ်ရာရရှိခဲ့သည်ဟုမိမိတို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့မှ စုံစမ်းသိရှိရ​ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်သည့် အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့​ကြောင့်စစ်ကောင်စီတပ်သားများသည်ထွေအုပ်ရုံးတွင် တပ်စွဲထားကာ မိမိတို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာနှင့်မဟာမိတ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှပူးပေါင်းကာ ၎င်းတို့ရှိသည့်နေရာကို လက်နက်ကြီး၄၀မမဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားများသေဆုံးမှုများပြားနိုင်ပြီး မိမိတို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့နှင့်မဟာမိတ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ (နာရွဲ့ဆွမ်)က အသိပေးသည်။

ထွေအုပ်ရုံးအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေ့ရက်နှင့်အချိန်အား ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာ (နာရွဲ့ဆွမ်)ထံ People’s Springကဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။