Connect with us

Hi, what are you looking for?

News

ရှားတောတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို KNPP တိုက်ခိုက်

“KNPPက လက်လုပ်ဗုံးတွေနဲ့ မိုင်းခွဲတာတွေကြောင့် ဖြစ်သွားတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်က ကားနဲ့ စစ်ကြောင်းလှည့်တဲ့အချိန်မှာ ဖောက်ခွဲတာပေါ့။ အဲဒါတော့ ဖြစ်ခဲ့တယ်” ဟု ဒေသခံက ပြောသည်။

ကယားပြည်နယ် ရှားတောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ယနေ့နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကရင်နီဒေသခံက ပြောသည်။

KNPP၏ သတင်းနှင့်ပြန်ကြားရေးဌာန KNICကလည်း လွိုင်ကော်နှင့် ရှားတားမြို့အကြား ပွန်ချောင်းအနီးတွင် ဇူလိုင် ၂ရက် နံနက်ပိုင်းက စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းဖော်ပြခဲ့သည်။

ယနေ့ နံနက် ၈နာရီတွင် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့သည်ဟု ဆို သည်။

စစ်ကောင်စီဘက်မှ ကလလတ(ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး)၊ နယ်ခြားစောင့်တပ်နှင့် PNO(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) တို့နှင့် ပူးပေါင်းပြီး ဇွန်လ ၃၀ရက်နေ့ကစ၍ လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း စစ်အင်အားများတိုးချဲ့လုပ်ရှားမှုများပြုလုပ်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNIC သတင်း၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ပူးပေါင်းစစ်ရေးလုပ်ရှားမှုသည် KNPP ထိန်းချုပ် သွားလာလှုပ်ရှားသည့် နယ်မြေအတွင်း ရောက်ရှိနေ၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်