Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ​ထောက်တိုင် တန့်ဆည်မြို့မှ ​ရွှေ​ဒေါင်းမင်းဆီဆိုင် တိုက်ခိုက်ခံရ

“အဲဒီဆီဆိုင်က စစ်ခွေးတွေကို ဆီ ရိက္ခာထောက်ပံ့ပေးနေတာ။ဒီနေ့လည် မှာ မီးလောင်တယ်။ဘာမှန်းတော့မသိဘူး။ မီးသတ်ကားနှစ်စီး လာတယ်”ဟု တန့်ဆည် မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဖြစ်သည့် တန့်ဆည်မြို့မှ ရွှေဒေါင်းမင်းဆီဆိုင်ကို ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့(TPC) က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၀ ရက်) နေ့လယ်၁ နာရီခန့်က
အဆိုပါ ပစ်ခတ်မှုအတွင်း ရွှေဒေါင်းမင်းဆီဆိုင်မှလုံခြုံရေးအား စစ်ကောင်စီက ပေးထားသည့်လက်လုပ်သေနတ်တစ်လက်ကို ရရှိခဲ့ကြောင်းလည်း TPC က ဆိုသည်။

ပစ်ခတ်မှုအတွင်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

“အဲဒီဆီဆိုင်က စစ်ခွေးတွေကို ဆီ ရိက္ခာထောက်ပံ့ပေးနေတာ။ဒီနေ့လည် မှာ မီးလောင်တယ်။ဘာမှန်းတော့မသိဘူး။ မီးသတ်ကားနှစ်စီး လာတယ်”ဟု တန့်ဆည် မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ဆီိဆိုင် ပစ်ခတ်ခံရမှုအပြီး အကြမ်းဖက်စစ်ကောင်စီသည် သေနတ်ပစ်ဖောက်ခြင်းနှင့် မြို့တွင်း ကင်းပုန်းဝတ်မှုများရှိကြောင်း လည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။