Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်ကောင်စီယာဉ်တန်းကို PDFနှင့် KIAတို့ ပူးပေါင်းတိုက်ခိုက်၊စစ်​ကောင်စီတပ်သား ၂၀ဦးထက်မနည်း​သေဆုံးဟု ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင် စီယာဉ်တန်းကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် PDFက ယနေ့ သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ် ဂွေးပင်တောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ စီးနည်းလာသည့် စစ်ကား ၂ စီးကို ဇူလိုင် ၂ရက် ည ၁၁နာရီခွဲတွင် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ မော်တော်ယာဉ်တစ်စီး ပျက်စီးပြီး ၂၀ဦးထက်မနည်း သေဆုံးနိုင်ကြောင်း၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ထီးချုပ် PDFက သတင်းထုတ်ပြန်သည်။

ယခုတိုက်ခိုက်ခံရသည့် စစ်ယာဉ်တန်းသည် ကချင် ပြည်နယ်ဘက်သို့ လက်နက်ခဲယမ်း၊ရိက္ခာသွားပို့သည့် မော်တော်ယာဉ်များကို လုံခြုံရေး လိုက်ပါပို့ဆောင်သည့် ယာဉ်များ ဖြစ်ပြီး အပြန်ခရီးတွင် တိုက်ခိုက်ခံရ ခြင်းဖြစ်ကြောင်း ထီးချိုင့်ဒေသခံတစ်ဦးက ပြောသည်။

“ထီးချိုင့်တံတားကို ကျော်ပြီးမှ မြတောင်ဘက်အထိ ပို့ပြီးမှ ပြန်တာ။ ပြန်တဲ့အချိန်မှာပြန်တဲ့အချိန်မှာ ဖြစ်ကြတာ။ ထိခိုက်မှု ရှိလောက်တယ်။ သူတို့ ကားတစ်စီးတောင် ချောကားတစ်စီးခေါ်ပြီး ဆွဲသွားတယ် လို့ ပြောတယ်” ဟု ထီးချိုင့်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်သည်ဆိုသည်မှာလည်း ဖြစ်နိုင်ကြောင်း ၎င်း ဆိုသည်။ထီးချိုင့်မြို့နယ် မော်ကွန်းတောင်ရိုး လမ်းပိုင်းတွင်လည်း ဇွန်လ ၂၆ရက်က စစ်ကောင်စီ ယာဉ်တန်းကို KIAနှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ထီးချိုင့် PDFကသတင်းထုတ်ပြန်ထားသည်။

ထီးချိုင့်တွင် PDFများနှင့် အတူပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်သည်ဆိုခြင်းနှင့်ပတ်သက်၍ KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ ဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်အရ ပူးပေါင်းခြင်းမဟုတ်ကြောင်း၊ ဒေသခံနှင့် အောက်ခြေတပ် ပူးပေါင်း ဆောင်ရွက်မှု ဖြစ်နိုင်ကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook