Connect with us

Hi, what are you looking for?

News

မန္တ​လေးရှိဘီယာဆိုင်၊ ကေတီဗွီစသည့်လုပ်ငန်းများတွင် စစ်တပ်ထုတ်ကုန်များ အသုံးမပြုကြရန် JMPDFသတိပေး

“အဓိကက တော်လှန်ရေးသမားတွေက အသက်ပေးပြီးတိုက်ပွဲဝင်နေတဲ့အချိန် သူတို့တွေက စကစရဲ့ထောက်တိုင်တွေကို အားပေးပျော်ပါးသောက်စားလုပ်နေကြလို့ပါ”ဟု JMPDF မှ တော်လှန်ရေးရဲဘော်က ပြောသည်။

■ည ၉ နာရီကျော်အထိ မူးယစ်သောက်စားသူများကိုသတိမပေးတော့ဟုဆို

မန္တလေးမြို့ရှိ ဘီယာဆိုင်နှင့် ကေတီဗွီများတွင် စစ်တပ်ထုတ်ကုန်ဘီယာများ ရောင်းချနေခြင်းအပေါ် အရေးယူဆောင်ရွက်တော့မည်ဖြစ် ကြောင်း Justice Mandalay People Defence Force(JMPDF)က ယနေ့(ဇန်နဝါရီ ၂၄)ထုတ်ပြန် သတိပေးလိုက်သည်။

ထိုသို့ အရေးယူဆောင်ရွက်နိုင်ရန် သတိပေး ချက်ထုတ်ပြန်သည့်နေ့မှစ၍ ၃ ရက်စောင့်ကြည့်သွားမည်ဖြစ်ပြီး သတ်မှတ်ကာလပြည့်ချိန် သတိပေးချက်အားမလိုက်နာပါက မိမိတို့တာ ဝန်သာဖြစ်ကြောင်း JMPDF တပ်ဖွဲ့ဝင် တော် လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြော သည်။

“၃ ရက် စောင့်ကြည့်ပေးမယ်။ မဟုတ်ရင်တော့ ဘယ်သူမှ မငဲ့ညာနိုင်တော့ပါဘူးဗျ”ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် အများပြည်သူ စိတ်အနှောက်အ ယှက်ဖြစ်အောင် ညအချိန်မတော် ဆောင်းဘောက်စ်များဖွင့်၍ မူးယစ်သောက်စားနေသူ များ၊ ည ၉ နာရီကျော်သည်အထိ အော်ဟစ်ဆူညံ သောက်စားပျော်ပါးနေသူများကိုလည်း သက်ညှာတော့မည်မဟုတ်ကြောင်း JMPDF ၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

“အဓိကက တော်လှန်ရေးသမားတွေက အသက်ပေးပြီးတိုက်ပွဲဝင်နေတဲ့အချိန် သူတို့တွေက စကစရဲ့ထောက်တိုင်တွေကို အားပေးပျော်ပါးသောက်စားလုပ်နေကြလို့ပါ”ဟု JMPDF မှ တော်လှန်ရေးရဲဘော်က ပြောသည်။

ထို့ကြောင့် ဘီယာဆိုင်၊ ကေတီဗွီ၊ Bar စသည့်နေရာများတွင် သတိပေးချက်ကို မလိုက်နာဘဲ စစ်တပ်ထုတ်ကုန်ရောင်းချသူနှင့် သုံးစွဲသူများသည် အဆိုပါ ဆိုင်နှင့် Bar နေရာများတွင် ပေါက်ကွဲမှုဖြစ်၍ ထိခိုက်သေဆုံးပါက ကိုယ်ဖြစ်ကိုယ်ခံသာဖြစ်ကြောင်း JMPDF က သတိ ပေးသည်။

မန္တလေးအခြေစိုက် တော်လှန်ရေးအင်အားစုများအနက် လက်ရှိအချိန်ထိ တိုက်ပွဲဝင်လူငယ် ၁၅၀ ဝန်းကျင် စစ်ကောင်စီ၏ဖမ်းဆီးခြင်း ခံထားရကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။