Connect with us

Hi, what are you looking for?

ဗီဒီယို

အာဖရိကဖလား ဘောလုံးပြိုင်ပွဲမှာ လူနင်းခံရလို့ ပရိသတ် ၈ ဦးထက်မနည်း သေ

အာဖရိက ဘောလုံးအဖွဲ့ချုပ်နဲ့ ကင်မရွန်း ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အကျယ်တဝင့် လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

လက်ရှိ ကျင်းပနေတဲ့ အာဖရိက နိုင်ငံများ တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲမှာ ပရိသတ်တွေ အချင်းချင်း စုပြုံတိုးဝှေ့ရင်း လူနင်းမိကြတာတွေကြောင့် ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကင်မရွန်းနိုင်ငံရဲ့ မြို့တော် ယာအွန်ဒီက ပေါလ်ဘီယားက အားကစားကွင်းကြီး ရှေ့မှာ ဇန်နဝါရီ ၂၄ ရက်က ဘောလုံး ပရိသတ်တွေ စုပြုံ တိုးဝှေ့ရင်း ကလေး ၁ ဦးအပါအဝင် ၈ ဦးထက်မနည်း လူနင်းခံရပြီး သေဆုံးကြောင်း တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ဒဏ်ရာရသူ ဦးရေကလည်း ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။

ပြည်တွင်း မီဒီယာ တချို့ရဲ့ ဖော်ပြချက်အရ ကလေးတချို့လည်း သတိလည်မလာဘဲ မေ့မြောနေပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရပါတယ်။ ကင်မရွန်းနဲ့ ကိုမိုရော့စ် အသင်းတို့ ကစားတဲ့ ပွဲစဉ်မှာ ကိုဗစ် စည်းမျဉ်းတွေအရ ပရိသတ် ဦးရေကို ကန့်သတ် လျှော့ချဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ လူဦးရေ ၆ သောင်းဆံ့တဲ့ ကွင်းကြီးမှာ ပွဲလာကြည့်ဖို့ ကြိုးစားသူ အရေအတွက်က ၅ သောင်းကျော် ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆေးရုံကို အလောင်း ၈ လောင်း ရောက်လာပြီး အသေအပျောက် ဦးရေက ထပ်ပြီး မြင့်တက်လာနိုင်သေးကြောင်း ပြောပါတယ်။ မျက်မြင် တချို့ကတော့ လူတွေ စုပြုံ တိုးဝှေ့နေတာကို သက်ဆိုင်ရာ လုံခြုံရေး ဝန်ထမ်းတွေက ရှင်းလင်းပေးတာမျိုး လုံးဝ မရှိခဲ့ဘဲ စည်းပျက်ကမ်းပျက် ဖြစ်နေခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဖရိက ဘောလုံးအဖွဲ့ချုပ်နဲ့ ကင်မရွန်း ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အကျယ်တဝင့် လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။