Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်ပြုလုပ်လျင်အ​ရေးယူမည်ဟု စစ်​ကောင်စီခြိမ်း​ခြောက်

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း ယနေ့နေ့လယ်ပိုင်းက စစ်​ကောင်စီက ကျောက္ကာလမ်းတလျှောက် ကားဖြင့်လှည့်လည်၍ ဖေဖော်ဝါရီလ(၁)ရက်နေ့၊အသံတိတ်သပိတ်ပြုလုပ်ပြီး ဆိုင်ပိတ်လျှင် ဆိုင်ချိတ်ပိတ်၊အရေးယူခံရမည်ဟုအော်သွားကြောင်း ဒေသခံများက ပြောသည်။

မန္တလေးနှင့် မုံရွာမြို့များတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်၍ ဆိုင်ပိတ်လျှင် အရေးယူမည်ဟု အာဏာသိမ်းစစ်ကောင်စီမှ ခြိမ်းခြောက်နေကြောင်း ဒေသခံများက ​ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၂၆ ရက်နေ့)တွင်စစ်ကောင်စီ၏ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် မန္တလေးစည်ပင်နယ်နိမိတ်အတွင်းရှိ စျေးများ၊ ရပ်ကွက်စျေးများ၊ စားသောက်ဆိုင်၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လု​ပ်ငန်းများသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ ဥပဒေမဲ့လှုံ့ဆော်မှုများကို ထောက်ခံအားပေးတဲ့အနေဖြင့် ဆိုင်များ၊ လုပ်ငန်းများပိတ်ခြင်း တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်နေပါက မန္တလေးစည်ပင်ဥပဒေ၊နည်းဥပဒေများအပြင် တည်ဆဲဥပဒေများနဲ့ပါ အရေးယူသွားမည်ဟု မန္တလေးစည်ပင်က စာထုတ်ပြန်ကာခြိမ်းခြောက်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း ယနေ့နေ့လယ်ပိုင်းက စစ်​ကောင်စီက ကျောက္ကာလမ်းတလျှောက် ကားဖြင့်လှည့်လည်၍ ဖေဖော်ဝါရီလ(၁)ရက်နေ့၊အသံတိတ်သပိတ်ပြုလုပ်ပြီး ဆိုင်ပိတ်လျှင် ဆိုင်ချိတ်ပိတ်၊အရေးယူခံရမည်ဟုအော်သွားကြောင်း ဒေသခံများက ပြောသည်။

၂၀၂၁ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်​ကောင်စီ၏ ခြိမ်း​ခြောက်မှုမျာယကြားမှ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ကို ဆန်ကျင်​ကြောင်းအသံတိတ်သပိတ်ပြုလုပ်ခဲ့ကြရာ ကမ္ဘာမီဒီယာများက အ​လေးထား​ဖော်ပြကြကာ ကမ္ဘာကပင် အံအားသင့်ခဲ့
ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။