Connect with us

Hi, what are you looking for?

News

လွိုင်ကော် မှုံပြာကန်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ အများအပြား ဒဏ်ရာရဟု ဒီးမော့ဆို PDF ထုတ်ပြန်

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို DMO-PDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့(ဇန်နဝါရီ ၂၇ရက်) နံနက် ၁၀နာရီမှ ၁၁နာရီအထိ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ် မှုံပြာကန်အနီးတွင် ယနေ့ နံနက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO-PDF)က ထုတ်ပြန်သည်။

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို DMO-PDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့(ဇန်နဝါရီ ၂၇ရက်) နံနက် ၁၀နာရီမှ ၁၁နာရီအထိ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်က တစ်ဦး စနိုက်ပါလက်ချက်ဖြင့် သေဆုံးပြီးအများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်တပ်က လက်နက်ကြီး အလွန်အကျွံသုံးစွဲပစ်ကူခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း DMO-PDFထုတ်ပြန်ခဲ့ပြီး ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ