Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော် မှုံပြာကန်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ အများအပြား ဒဏ်ရာရဟု ဒီးမော့ဆို PDF ထုတ်ပြန်

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို DMO-PDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့(ဇန်နဝါရီ ၂၇ရက်) နံနက် ၁၀နာရီမှ ၁၁နာရီအထိ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ် မှုံပြာကန်အနီးတွင် ယနေ့ နံနက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO-PDF)က ထုတ်ပြန်သည်။

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို DMO-PDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့(ဇန်နဝါရီ ၂၇ရက်) နံနက် ၁၀နာရီမှ ၁၁နာရီအထိ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်က တစ်ဦး စနိုက်ပါလက်ချက်ဖြင့် သေဆုံးပြီးအများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်တပ်က လက်နက်ကြီး အလွန်အကျွံသုံးစွဲပစ်ကူခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း DMO-PDFထုတ်ပြန်ခဲ့ပြီး ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။