Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထုတ်ကုန်များရောင်းချသည့် မန္တလေးမြို့ရှိ KTVနှင့် ဘီယာဆိုင်နှစ်ဆိုင် သတိပေးတိုက်ခိုက်ခံရ

တော်လှန်ရေးတပ်ဖွဲ့များ၏ သတိ​ပေးတိုက်ခိုက်မှုကိုခံရသည့် KTV နှင့် ဘီယာဆိုင်များနှင့် အခြားသောဆိုင်များအနေဖြင့် စစ်ကောင်စီတပ်၏ထုတ်ကုန်များကို ရောင်းချခြင်းမပြုဘဲ ပြည်သူ့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ကြရန် ထပ်မံသတိပေးတိုက်တွန်းထားသည်။

People's Spring
People's Spring

မန္တလေးမြို့တွင် စစ်ကောင်စီတပ်၏ ထုတ်များရောင်းချလျက်ရှိသော KTV တစ်ဆိုင်နှင့် ဘီယာဆိုင်နှစ်ဆိုင်ကို JMPDF ၏ဦးဆောင်မှုဖြင့် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။

ယနေ့ည ၆ နာရီခွဲခန့်တွင် မန္တလေးမြို့ ရန်မွန်တောင်(၅၇)လမ်းမှ KTV တစ်ခု၊ ၂၃ လမ်း၊ ၈၉ လမ်းရှိ စစ်ကောင်စီထောက်တိုင် ဘီယာဆိုင်နှင့် လမ်း (၆၀)သမန်းကုန်း အင်းခရုဘုရားအနီး ဘီယာဆိုင်တို့ကို သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“KTV ကို သတိပေးအုံး(ဗုံးခွဲ)ခဲ့ပြီး ဘီယာ နှစ်ဆိုင်ကိုတော့ သတိပေးရုံ မီးရှို့ခဲ့တဲ့အခြေအနေပါ”ဟု Phoenix အထူးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ သတိ​ပေးတိုက်ခိုက်မှုကိုခံရသည့် KTV နှင့် ဘီယာဆိုင်များနှင့် အခြားသောဆိုင်များအနေဖြင့် စစ်ကောင်စီတပ်၏ထုတ်ကုန်များကို ရောင်းချခြင်းမပြုဘဲ ပြည်သူ့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ကြရန် ထပ်မံသတိပေးတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုများကို Justice Mandalay People Defense Force (JMPDF)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ Karenni Democratic Front (KDF)၊ Mandalay PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။