Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထုတ်ကုန်များရောင်းချသည့် မန္တလေးမြို့ရှိ KTVနှင့် ဘီယာဆိုင်နှစ်ဆိုင် သတိပေးတိုက်ခိုက်ခံရ

တော်လှန်ရေးတပ်ဖွဲ့များ၏ သတိ​ပေးတိုက်ခိုက်မှုကိုခံရသည့် KTV နှင့် ဘီယာဆိုင်များနှင့် အခြားသောဆိုင်များအနေဖြင့် စစ်ကောင်စီတပ်၏ထုတ်ကုန်များကို ရောင်းချခြင်းမပြုဘဲ ပြည်သူ့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ကြရန် ထပ်မံသတိပေးတိုက်တွန်းထားသည်။

People's Spring
People's Spring

မန္တလေးမြို့တွင် စစ်ကောင်စီတပ်၏ ထုတ်များရောင်းချလျက်ရှိသော KTV တစ်ဆိုင်နှင့် ဘီယာဆိုင်နှစ်ဆိုင်ကို JMPDF ၏ဦးဆောင်မှုဖြင့် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။

ယနေ့ည ၆ နာရီခွဲခန့်တွင် မန္တလေးမြို့ ရန်မွန်တောင်(၅၇)လမ်းမှ KTV တစ်ခု၊ ၂၃ လမ်း၊ ၈၉ လမ်းရှိ စစ်ကောင်စီထောက်တိုင် ဘီယာဆိုင်နှင့် လမ်း (၆၀)သမန်းကုန်း အင်းခရုဘုရားအနီး ဘီယာဆိုင်တို့ကို သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“KTV ကို သတိပေးအုံး(ဗုံးခွဲ)ခဲ့ပြီး ဘီယာ နှစ်ဆိုင်ကိုတော့ သတိပေးရုံ မီးရှို့ခဲ့တဲ့အခြေအနေပါ”ဟု Phoenix အထူးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ သတိ​ပေးတိုက်ခိုက်မှုကိုခံရသည့် KTV နှင့် ဘီယာဆိုင်များနှင့် အခြားသောဆိုင်များအနေဖြင့် စစ်ကောင်စီတပ်၏ထုတ်ကုန်များကို ရောင်းချခြင်းမပြုဘဲ ပြည်သူ့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ကြရန် ထပ်မံသတိပေးတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုများကို Justice Mandalay People Defense Force (JMPDF)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ Karenni Democratic Front (KDF)၊ Mandalay PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။